အခန်း(၁၁၃)

9.7K 1.4K 98
                                    

Unicode

ဟော့ရှန်ဖိတ်ကြားထားတဲ့လူငါးယောက်ထဲမှာ တုံးအအဟပ်စကီးတစ်ကောင်ကလွဲရင် ကျန်တဲ့သူတွေက ချောင်ရှောင်နဲ့သူ့ရဲ့ဆက်ဆံရေးကို သိထားကြတယ်။

ဟုတ်ပါတယ်၊ ချောင်ရှောင်က သူတို့မသိဘူးလို့ ထင်နေတာပါ၊ အတန်းဖော်‌ချောင်လေးရဲ့အထင်မှာတော့ သူက ဖုံးကွယ်တဲ့နေရာမှာ အလွန်တော်တယ်ပေါ့၊ ဘယ်သူမှမသိနိုင်လောက်အောင် သူက တစ်ချက်ကလေးမှလွှတ်ခနဲမပြောမိခဲ့ပါဘူး။

ချင်စုနဲ့ဝေ့ကျားယွီက သူတို့ရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေကို ဘယ်တုန်းကမှမပြောခဲ့ကြဘူး၊ ဒီတစ်ကြိမ်မှာ ချင်စုခမျာ စိုးရိမ်ပူပန်လွန်းလို့ လွှတ်ခနဲထုတ်ပြောမိလိုက်ခြင်းဖြစ်တယ်။

ချင်စုသိနေမှန်း ဝေ့ကျားယွီ အစောကြီးကတည်းကသိပြီးသားဖြစ်တာမို့ သူက လုံးဝအံ့အားသင့်မသွားခဲ့ချေ။

သူတို့လေးယောက်က မကြာခဏ နေ့လည်စာအတူတူစားကြပြီး အဆောင်ကိုလည်း အတူတူပြန်လေ့ရှိကြတယ်၊ ရှန်ကောက ဘယ်တော့မှမရှောင်ဘဲ ဆင်းရဲသား‌တစ္ဆေလေးကို အမြဲဂရုစိုက်ပေးနေတဲ့ဟာကို၊ ဒါမှမသိနိုင်သေးရင် မျက်မှန်တပ်တာလောက်နဲ့မရိုးရှင်းတော့ဘူး၊ ချင်စုက မျက်စိအထူးကုဆရာဝန်ဆီ ချက်ချင်းသွား‌ပြဖို့လိုနေပြီ!

ဝေ့ကျားယွီက သူ့ဘာသာသူ ရေရွတ်တယ်၊
" အဲ့ဒါကြောင့် သူက ငါတို့ကိုသွားခိုင်းတာပေါ့! "

ဆံပြာရဲ့ဦးနှောက်အခေါင်းပေါက်ကို ချင်စုက ဘယ်လိုလိုက်လို့မီနိုင်ပါ့မလဲ၊
" ဘာကို? "

ဝေ့ကျားယွီက တည်ကြည်စွာဖြင့် ပြောလာတယ်၊
" စဉ်းစားကြည့်လေ၊ ဒါက ရှန်ကောရဲ့ဆယ့်ရှစ်နှစ်ပြည့်မွေးနေ့ဆိုတော့ ဆင်းရဲသားတစ္ဆေလေးကို အဲ့ဒီမှာသေချာပေါက်ရှိစေချင်မှာပဲ၊ ဒါပေမဲ့ ဆင်းရဲသားတစ္ဆေလေးက သူ့တစ်ယောက်တည်းသွားရင် သူ့မိသားစုကိုရှင်းပြလို့ရမှာမဟုတ်ဘူး၊ အဲ.. သူ့အတန်းဖော်တွေအားလုံးကိုခေါ်ရင်‌တော့ သဘာဝကျသွားမှာပဲလေ၊ မဟုတ်ဘူးလား "

ဒီလိုနည်းနဲ့ သူက ချင်စုကိုလမ်းမှားပို့နိုင်သွားခဲ့တယ်၊
" ဒီလိုဆို... "

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now