အခန်း(၁၁၇) - အချပ်ပို(၄)

7.7K 1.3K 65
                                    

Unicode

ချောင်ရှောင်က အဲ့ဒီလိုပြောမှတော့ သူတို့က အဲ့ဒါကိုဘယ်လိုလုပ်မကြည့်ဘဲနေပါ့မလဲ၊ အဲ့ဒီလိုနဲ့ သူတို့ကြည့်မယ့်ရုပ်ရ‌ှင်ကို သတ်မှတ်ခဲ့ပါတယ်။

ရုပ်ရှင်ရုံထဲဝင်ပြီး သူတို့ရဲ့နေရာတွေကိုရှာတွေ့ပြီးတဲ့နောက် ချောင်ရှောင်က ဟော့ရှန်ကိုကြည့်လိုက်တယ်၊
" ဒီခုံတွေက ... "

သူတို့က နောက်ဆုံးတန်းရဲ့အတွင်းဘက်အကျဆုံးထောင့်နားမှာ ရှိနေတယ်၊ ရုပ်ရှင်ကြည့်ဖို့အတွက်ဆို ဒီနေရာ‌တွေက ဘာများကောင်းလို့လဲ။

ဟော့ရှန်က အမှောင်ထဲမှာ သူ့လက်ကိုဆုပ်ကိုင်လာပြီး၊
" ကိုယ့်ကိုကြည့်လို့ကောင်းတာပေါ့ "

ချောင်ရှောင်ရဲ့မျက်နှာမှာပူ‌နွေးသွားရပြီး သူပြောလိုက်တယ်၊
" ဒီလောက်မှောင်နေတာကို ငါ ဘယ်လိုလုပ်သေချာမြင်ရမှာလဲ? "

ဟော့ရှန်က သူ့အသံကိုလျှော့လို့ ပြောလာတယ်၊
" အနားကိုကပ်လာခဲ့ပေါ့ "

ချောင်ရှောင် : " ............... "

သူ့အတွက်သူ ကျင်းတွေတူးနေတာကိုရပ်ဖို့ ဘာလို့များ သင်ခန်းစာမယူသေးတာလဲ!

အံ့ဩစရာကောင်းတာက ရုပ်ရှင်က အတော်လေးစိတ်ဝင်စားစရာကောင်းတယ်၊ ၎င်းကို ဆယ့်ခုနစ်နှစ်အရွယ်က အချစ်ဦးလို့ ခေါ်ဆိုပေမယ့် နှစ်ဆယ့်ခုနစ်နှစ်အရွယ်လူကြီးတစ်ယောက်အကြောင်း ဇာတ်လမ်းတစ်ပုဒ်ဖြစ်နေတယ်။

ငယ်ရွယ်နုနယ်ပြီး ရင့်ကျက်မှုမရှိတဲ့ ဆယ့်ခုနစ်နှစ်အရွယ်မှ ရင့်ကျက်ပြီး စိတ်ဝင်စားမှုမရှိတဲ့ နှစ်ဆယ့်ခုနစ်နှစ်အရွယ်အထိ၊ ဆယ့်ခုနစ်နှစ်အရွယ်မှာ အစပြုခဲ့တဲ့ရင်ခုန်သံတစ်ခုတည်းကပဲ သူ့နှလုံးသားထဲကျန်ရစ်နေခဲ့တယ်။

ချောင်ရှောင်က အနည်းငယ်လွမ်းဆွေးနေဟန်ဖြင့်၊
" ဆယ်နှစ်ဆိုတာ တကယ်တမ်းကျ အချိန်အကြာကြီးပဲ "

ဆယ်နှစ်အတွင်း ဘာတွေဖြစ်ပျက်သွားမလဲ ဘယ်သူမှမပြောနိုင်ကြဘူး၊ အခုအချိန်မှာ သူနဲ့ဟော့ရှန်က လက်တွေတွဲထားကြပြီး ကြားလေမသွေးအောင် အတူတူပူးကပ်နေကြပေမယ့်လို့ ဆယ်နှစ်အတွင်းမှာ ရုပ်ရှင်ထဲက စုံတွဲကဲ့သို့ တစ်ယောက်စီက သူတို့ရဲ့ကိုယ်ပိုင်သီးခြားဘဝမှာ ရှိနေကြလိမ့်မလား။

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now