အခန်း(၉)

9.9K 1.8K 178
                                    

Unicode

ဒီမြင်ကွင်းကိုမြင်ရတာက ကြားနေရတာထက်တောင် ပိုဆိုးနေ‌သေးတယ်။

တစ်ယောက်က သူ့ဘောင်းဘီကိုအသည်းအသန်ဆွဲတင်ထားလို့၊ သူ့ကိုတစ်ခုခုလုပ်မှာကြောက်နေတဲ့ပုံနဲ့။

တစ်ယောက်ကလည်း သူများဘောင်းဘီကိုအသည်းအသန်ဆွဲချွတ်နေတာ၊ လုံးဝကို တစ်ခုခုလုပ်ချင်နေသလိုမျိုးပဲ။

သူ့လက်ချောင်းကြားက ဆေးလိပ်ကြောင့်သာမဟုတ်ရင် လော့သာရယ်(ဦးလေးလော့)ကတော့ အဲ့နေရာကနေ ထွက်သွားပြီးနေပြီ။

ဖြစ်ပုံကတော့ ပါဝင်နေတဲ့လူတွေက အလွန်ကိုရိုးသား‌ကြပါတယ်၊ တစ်ယောက်က လုံးဝကိုဖြူစင်ပြီး ‌တစ်ယောက်ကတော့...အင်း ဖြူစင်ချင်ယောင်ဆောင်နေတာပေါ့လေ၊ ဖြစ်နိုင်တာတော့ ဒီထက်တောင် ပိုနေဦးမလားပဲ၊ ဟော့ရှန်က ပြောတယ်၊
" ကျောင်းရဲ့ ပန်းလေးကို ယောက်ျားလေးသန့်စင်ခန်းထဲခေါ်ပြီး ဘာလုပ်ရမှာတုန်း၊ ကျေးဇူးပြုပြီး မိန်းမငယ်လေးကို နည်းနည်း‌ပါးပါးတော့ ‌လေးစားပါဦးလား "

လော့ရှောင်းကတော့ သူ့ရဲ့ ပုံမှန်ရက်စက်ကြမ်းကြုတ်တဲ့အမူအရာနဲ့ သိသိသာသာကိုဆန့်ကျင်ဘက်ဖြစ်လို့နေတဲ့ ဖြူစင်ရိုးသားတဲ့အမူအရာကို ကြည့်ပြီး ပြောတယ်၊
" ဒါဆိုမင်းကရော သူမကိုဘာလို့မလေးစားတာလဲ "

ဟော့ရှန်က အလွန်မှန်ကန်ကြောင်းပြတဲ့အနေနဲ့၊
" သူက မိန်းမ‌ငယ်လေးမှမဟုတ်တာ "

" သူက ယောကျာ်းလေးလား "
လော့ရှောင်းမှာ သူ့ဆေးလိပ်ကို လွတ်ကျသွားတော့တယ်၊
" ဒါဆိုလည်း မင်းက ဘယ်လိုကြောင့်သူ့ဘောင်းဘီကို ချွတ်နေရတာတုန်း "

ဖြစ်ရပ်တစ်ခုလုံးရဲ့ အပြင်ဘက်ရောက်လို့နေတဲ့ ချောင်ရှောင်မှာ လုံးဝကိုဒေါသပုန်ထနေလေရဲ့ ၊ ဘယ်လိုတောင်လား! လော့ရှောင်းရေ၊ မင်းက မျက်လုံးကန်းနေတာလား။

အမှန်တော့ ကျောင်းလူဆိုးက တကယ်ပဲနည်းနည်းကန်းနေတာပါ။

ဟော့ရှန်က အလွန်အံ့အားနေတယ်၊
" မင်းရဲ့အဝေးမှုန်က ခြောက်ရာ ခုနှစ်ရာဒီကရီလောက်တောင် ရောက်နေပြီလား၊ မင်း တကယ်မျက်မှန်တပ်သင့်နေပြီ "

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now