အခန်း(၅၀)

7.5K 1.4K 96
                                    

Unicode

သခင်လေးချောင် နက်ကတိုင်ကို ကြမ်းတမ်းစွာဆွဲချကာ သူ့ကို အသေထုံးချည်ပေးလိုက်တယ်။

ဟော့ရှန် : " ... အဟွတ် "

သူ့လက်တွေက ကြီးကောင်းမကြီးနိုင်သော်လည်း သူ့ခွန်အားမှာ မသေးပေ။

ချောင်ရှောင် မျက်ခုံးတစ်ဖက်ပင့်ကာ သူ့ကိုမေးလိုက်တယ်၊
" အခုရော ဘာနဲ့တူသေးတုန်း "

သိသာထင်ရှားစွာပင် ဒါဟာ လူသတ်မှုကျူးလွန်သည့်မြင်ကွင်းတစ်ခု‌။

သို့သော်လည်း စာမလိုက်နိုင်သည့်ကျောင်းသားတစ်ယောက်၏အဆင့်မှာ သင်ယူခြင်းနတ်ဘုရား၏အဆင့်နှင့် အမှန်တကယ်ကိုဝေးကွာလှတယ်။

ဟော့ရှန်က သူ့နက်ကတိုင်ကို ဖြေလျှော့ကာ အကောင်းဆုံးအဖြေကို ပေးလာလေ၏၊
" ခင်ပွန်းကိုသတ်မှု "

ချောင်ရှောင် : " ! "

ချောင်ရှောင်ရှောင် ဒေါကန်သွားချေပြီ၊ သူပြောလိုက်တယ်၊
" မင်းဘာသာပဲ ချည်တော့၊ ငါမင်းကိုကူညီမှာမဟုတ်ဘူး! "

ပေါက်ပန်းလေးဆယ်တွေပြောနေတဲ့ သည်လူယုတ်မာကို ဘယ်သူကများ လိုလိုလားလားကူညီချင်မှာတဲ့လဲ!

ဟော့ရှန်မှာ သူအမှန်တကယ်စိတ်ဆိုးသွားတာကိုမြင်တော့ ထပ်ပြီးမ,စနောက်ရဲတော့ပေ၊
" ငါမှားပါတယ်ကွာ "

ထင်ရသည်က သူဟာ အလွန်ရိုးသားသည့်ဟန်။

ချောင်ရှောင် အရူးလုပ်ခံတော့မည်မဟုတ်၊
" လုံးဝပဲ၊ ငါချည်ပေးမှာမဟုတ်ဘူး! ငါအဲ့ဒါကိုဘယ်တော့မှထပ်မချည်ပေးတော့ဘူး! "

ဟော့ရှန်က သူ့လက်ကောက်ဝတ်ကို လှမ်းဆွဲကာ ပြောလာတယ်၊
" ဟုတ်ပါပြီ၊ ဟုတ်ပါပြီ၊ ငါတကယ်မှားသွားပါတယ်ကွာ၊ တကယ်တော့ ... "

ချောင်ရှောင်မှာ သူ့ကိုစိတ်ဆိုးနေသော်လည်း သူဘာပေါက်ကရတွေပြောလာဦးမလဲဆိုတာကိုလည်း သိချင်နေပါ၏၊
" အမ်? "

ဟော့ရှန်က နက်ကတိုင်မချည်တတ်သော်လည်း ‌အသေချည်ထားသည့်အထုံးကိုဖြေတဲ့နေရာမှာတော့ ပညာရှင်တစ်ယောက်ပင်၊ သူက သူ့နက်ကတိုင်ကို လွယ်လွယ်ကူကူပင်ဖြေကာ လျော့တိလျော့ရဲတွဲလောင်းကျနေစေလိုက်တယ်၊
" ငါက အပြင်သွားတော့မယ့် ခင်ပွန်းတစ်ယောက်မဟုတ်ဘူး၊ ဒါပေမဲ့ အလုပ်သွားတော့မယ့် အဖေတစ်ယောက်ပဲ ... "

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now