အခန်း(၁၀၁)

6.7K 1.4K 136
                                    

Unicode

ဟော့ရှန် အတော်လေးနားမလည်နိုင်ဖြစ်သွားတယ်၊
" ဒိုင်ယာရီ? "

ချောင်ရှောင်က သူ့ရဲ့တဒုတ်ဒုတ်ခုန်နေတဲ့နှလုံးသားကို ချုပ်တည်းလို့၊
" ပြန်ကြစို့ "

ဟော့ရှန်က သူ့ကိုမေးတယ်၊
" မင်း ... "

‌ချောင်ရှောင် သူ့ခေါင်းကိုခါပြီး ပြောလိုက်တယ်၊
" နောက်ကျနေပြီ၊ သာ့ချောင် စိတ်ပူနေလိမ့်မယ် "

သူက ဒီလိုဖြစ်နေမှတော့ ဟော့ရှန်အတွက် ထပ်ပြီးမေးရန် အချိန်ကောင်းမဟုတ်သေးချေ၊ သူ့ကိုနှစ်သိမ့်ရန် သူ့လက်လေးကိုဆုပ်ကိုင်ပေးထားနိုင်ရုံပင်၊
" ပြန်ကြရအောင် "

ဧည့်ခံပွဲခန်းမကိုပြန်ရောက်တဲ့အခါ ချောင်ရှောင် သူ့အဖေကိုသွားရှာခဲ့တယ်၊ ချောင်စုန့်မင်က သူ့သားရဲ့နီရဲရဲမျက်လုံးတွေကိုကြည့်ပြီး သူ့နှလုံးသားက ဆွဲညှစ်ခံလိုက်ရသလိုပဲ၊ သူက သူ့ဘေးနားကလူတွေကိုချက်ချင်းတောင်းပန်ပြီး တခြားလူတွေကိုရှောင်လို့ မေးလိုက်တယ်၊
" တစ်ခုခုမှတ်မိသွားလို့လား? "

ချောင်ရှောင်ရဲ့နှုတ်ခမ်းသားတွေတုန်ရီနေပြီး သူ တိုးတိုးလေးပြောလိုက်တယ်၊
" အိမ်ပြန်ချင်တယ် "

ချောင်‌စုန့်မင်က ချက်ချင်း‌ပြန်ပြောတယ်၊
" ကောင်းပြီ၊ အဖေတို့အိမ်ပြန်ကြမယ် "

ဧည့်ခံပွဲက ပြီးခါနီးနေပြီ၊ ချောင်စုန့်မင်က သူ့သား နေလို့မကောင်းဘူးလို့ပြောတော့ ဘယ်သူကမှ သူ့ကိုမနေခိုင်းရဲကြဘူး။

သူတို့ထွက်သွားတာကိုမြင်တဲ့အခါ ဟော့ရှန်ရဲ့အကြည့်တွေက စိုးရိမ်ပူပန်မှုတို့နဲ့ပြည့်နှက်နေပေမယ့် ဒီအခြေအနေမှာ သူ မေးမြန်းရန် မတတ်နိုင်ခဲ့ချေ၊ သူ့မှာ ချောင်ရှောင်ထံ WeChat မက်ဆေ့ရှ်ပဲ ပေးပို့နိုင်ခဲ့တယ်၊ ချောင်ရှောင်က သူ့ဖုန်းကို သူနဲ့အတူယူမလာတဲ့အတွက် ၎င်းမက်ဆေ့ရှ်ကို မမြင်မိချေ၊ သို့ပေသိ သူ ဖုန်းယူလာခဲ့ရင်တောင် မြင်မိမှာမဟုတ်သေးဘူး၊ သူက သူ့စိတ်စွမ်းအင်အားလုံးကို သူ့လက်တွေတုန်ယင်မနေစေရန် အသုံးပြုနေရတယ်။

အိမ်ပြန်ရောက်ရန် တစ်နာရီနီးပါးကြာသွားခဲ့တယ်၊ ကောင်းတဲ့အချက်မှာ ချောင်ရှောင်က သူ့စိတ်တွေတည်ငြိမ်သွားစေရန် ဒီအချိန်ကိုအသုံးချခဲ့လို့ပါပဲ။

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now