အခန်း(၇၀)

6.8K 1.4K 50
                                    

Unicode

ညစာစားချိန်တွင် ချောင်ရှောင်ရဲ့တစ်ဖက်သတ်အချစ်ပုဂ္ဂိုလ်က သူ့ကိုဓာတ်ပုံတစ်ပုံပို့လာလေ၏။

၎င်းမှာ ပူပူနွေးနွေးကင်ထားသည့် အဆီရွှမ်းရွှမ်းနှင့်နီရဲနေသောအမဲသားကင်ပါပဲ၊ တစ်ချက်ကြည့်ရုံမျှဖြင့် ပါးစပ်ထဲပျော်ဝင်သွားနိုင်လောက်သည်အထိ ၎င်းကိုကင်ထားတယ်ဆိုတာ ပြောနိုင်လေတယ်။

Without Friday : " ကဲ၊ ဒီလိုအရသာရှိတဲ့ညစာကိုငြင်းလိုက်ရလို့ နောင်တရသွားပြီလား "

ချောင်ရှောင် သူ့ထမင်းစားပွဲပေါ်က ယွမ်လေးထောင်တန်ဩစတြေးလျကျောက်ပုစွန်ကြီ‌းတွေကို ငေး‌ကြောင်ကြောင်ကြည့်ကာ — အမ်၊ သူတကယ်နောင်တရမိသွားပြီ။

ချောင်စုန့်မင်က သူ့တူတွေမလှုပ်တာမြင်တော့ မေးလာတယ်၊
" ဘာဖြစ်လို့လဲ "

‌ဓာတ်ပုံရိုက်ကာပို့ပေးလိုက်ချင်သည့် သူ့လက်တွေကို ချောင်ရှောင်ချုပ်တည်းလို့ ပြောလိုက်တယ်၊
" ကျွန်တော့်ထိုင်ခုံဖော်က စားသောက်ဆိုင်တစ်ဆိုင်မှာအရသာရှိတဲ့ညစာစားနေတယ်လေ၊ အဲ့တာ သူကျွန်တော့်ကိုဓာတ်ပုံလှမ်းပို့တာ "

ချောင်စုန့်မင်က စိတ်ဝင်စားသွားလေ၏၊
" အဖေကြည့်ရအောင်လေ "

ချောင်ရှောင်‌ ထွေထွေထူးထူးစဉ်းစားမနေဘဲ သူ့ဖုန်းကိုသူ့ဆီလှမ်းပေးလိုက်တယ်။

ချောင်စုန့်မင်ဖွင့်ကြည့်ခါနီးမှာ ချောင်ရှောင်တစ်ဖန်ထရပ်လို့ ထမင်းစားပွဲပေါ်မှဖုန်းကို ဆက်ကနဲဆွဲယူသွားလိုက်တယ်။

ချောင်စုန့်မင် ကြက်သေသေသွားပါလေ၏။

ချောင်ရှောင်မျက်နှာနီမြန်းသွားကာ ပြောလိုက်တယ်၊
" ... ကျွန်တော် ... ကျွန်တော် အဖေ့အတွက်ရှာပေးမယ် "

ချောင်စုန့်မင်မှာအလွန်ပါးနပ်ကာ ချက်ချင်းဆိုသလို မသင်္ကာစရာတစ်ခုခုကိုအနံ့ရသွားပါလေရော!

ချောင်ရှောင် ဓာတ်ပုံကိုဖွင့်လို့၊ ပုံကြီးချဲ့ပေးကာ ချောင်စုန့်မင်ကိုပြလိုက်တယ်။

ဒီဓာတ်ပုံအကြောင်းကို ချောင်စုန့်မင်ဘယ်လိုလုပ်ဂရုစိုက်နိုင်ပါတော့မလဲ၊ ဘလင်းဘလင်းဖြစ်ကာစူးစမ်းနေသောအကြည့်တို့ဖြင့် သူကမေးလိုက်ပါ၏၊
" ဒါအတန်းဖော်ကောင်မလေးလား "

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now