အခန်း(၉၀)

7.3K 1.3K 84
                                    

Unicode

ဟော့ရှန်ကပြောတယ်၊
" မင်းရဲစခန်းရောက်ဖူးလို့လား "

ဘယ်အချိန်မှာ ချောင်ရှောင်သွားခွင့်ရပါ့မလဲ၊ သူအိမ်ပြန်ရောက်ချိန်က ရဲစခန်းကိုသတင်းပို့ခဲ့ရပေမယ့် သူ့အခြေအနေက အရမ်းဆိုးဝါးနေလို့ ရဲဦးလေးကြီးက ဆေးရုံမှာပဲတိုက်ရိုက်မေးမြန်းခဲ့ရတယ်၊ သူတဖြည်းဖြည်းကောင်းမွန်လာပြီးနောက် အဲ့ဒီနှစ်က ဘာဆိုဘာကိုမှ ချောင်ရှောင်မမှတ်မိနိုင်တော့ဘဲ သူတို့လည်းအကြောင်းရင်းကိုရှာမ‌တွေ့ခဲ့ချေ။

" ဟင့်အင်း၊ ဒါပေမဲ့ ... "
ချောင်ရှောင်သူ့ကိုကြည့်ပြီး၊
" မင်းနဲ့ဆိုရင် ဘယ်နေရာပဲဖြစ်ဖြစ် ငါသွားနိုင်တယ် "

ဟော့ရှန်က သူ့ကိုငုံ့ကြည့်လာတယ်။

နောက်ထပ်မဟာအမှန်တရားကြီးတစ်ခုကို သူထုတ်ပြောလိုက်မိပြန်ပြီဆိုတာ ချောင်ရှောင်သဘောပေါက်သွားပြီး ကမန်းကတန်းရှင်းပြလိုက်တယ်၊
" ငါပြောချင်တာ ငါမကြောက်ပါဘူးလို့၊ ရဲစခန်းမှာဘာကြောက်စရာမှမရှိဘူးလေ၊ အဲ့ဒါက တရားဥပဒေစိုးမိုးတဲ့နေရာတစ်ခုပဲကို"

ဟော့ရှန်က သူ့အတွက်ကူပြီးနိဂုံးချုပ်ပေးလေရဲ့၊
" ကိုယ်နဲ့အတူရှိနေသရွေ့ ဘယ်နေရာပဲဖြစ်ဖြစ် သွားရမှာမကြောက်ဘူးပေါ့? "

ချောင်ရှောင် : " ... "

ဟော့ရှန်မှာ ချောင်ရှောင်ကိုသူနဲ့အတူခေါ်သွားရန် ရည်ရွယ်ချက်မရှိခဲ့ပေမယ့် သူ့ရဲ့လိမ္မာယဉ်ကျေးနေတဲ့ပုံ‌လေးကြောင့် သူ့ကိုဘယ်လိုလုပ်ထားခဲ့နိုင်ပါတော့မလဲ။

" သွားစို့ "
ဟော့ရှန်ပြောလိုက်တယ်၊
" ကိုယ်တို့ လော့ရှောင်းကိုသွားတွေ့ကြမယ် "

နှစ်‌ယောက်သား တက္ကစီပေါ်ရောက်တော့ ချောင်ရှောင်ဒါကိုတွေးမိနေတာမရပ်နိုင်တော့ဘူး၊
" သူတကယ်ပဲ‌တစ်ယောက်‌‌ယောက်နဲ့ရန်ဖြစ်ခဲ့တာလား "

လော့ရှောင်းကိုပထမဆုံးစတွေ့တုန်းက သူက ကျောင်းအာဏာရှင်ကြီးဆိုတဲ့နာမည်နဲ့ထိုက်တန်ကြောင်း ချောင်ရှောင်သံသယနဲနဲလေးမှမရှိခဲ့ဘူး၊ ဒီလူက ရှေးခေတ်မှာသာဆို မြို့ကိုအကြမ်းဖက်ခြိမ်းခြောက်နေသကဲ့သို့ ဗြက်ကျယ်တဲ့ဓားရှည်ကိုသူ့ပခုံးပေါ်တင်ထားပေလိမ့်မယ်လို့ သူခံစားရတယ်။

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now