အခန်း(၅၂)

7.3K 1.4K 81
                                    

Unicode

ချောင်ရှောင်မှာ ခြေလှမ်းချော်လုနီးနီး၊ သူ့ကိုပိတ်ဆို့ရန် ဟော့ရှန်ကလှမ်းဆွဲလာတယ်။
" သတိထားလေ "

သူ့လေသံထဲတွင် ကူကယ်ရာမဲ့မှုအနည်းငယ်တောင် ပါနေသေး၏၊ မသိရင် ချောင်ရှောင်ကပဲ နမော်နမဲ့နိုင်နေတယ်ဟု သူကတွေးနေသည့်နှယ်။

ချောင်ရှောင် သူ့လက်ကိုမြဲမြဲဆုပ်ကိုင်ကာ ပြောလိုက်တယ်၊
" ဘယ်သူကရော မင်းကိုဒီလို‌ပေါက်ကရပြောဖို့ပြောလို့လဲ! "

မတိုင်မီက 'ဆံဖြူသွားကျိုးသည်အထိ အတူနေသွားကြရန်' ဖြစ်ကာ ယခုကျ 'မင်းငါ့ကိုလက်ထပ်မယ်လို့ကတိပေးပါ' တဲ့၊ သည်ကောင်မပြောရဲတာ ဘာများရှိသေးတုန်း...ဟမ်။

သူ့မှာ ကျွမ်းထိုးမှောက်ခုံကျလုနီးနီးပဲ!

ဟော့ရှန်ကလည်း သူ့လက်ကိုတင်းကျပ်စွာပြန်ဆုပ်ကိုင်ကာ ပြောလာတယ်၊
" မင်းကအရင်မေးလာတဲ့သူလေ "

ချောင်ရှောင်မှာ လက်တွေဆုပ်ကိုင်ထားကြသည့် လူနှစ်ယောက်၏ဒီကိုယ်နေဟန်ထားက တစ်ခုခုမှားနေတယ်လို့မထင်ဘဲ ပြောလိုက်တယ်၊
" ငါက ချင်စုရဲ့ကျူရှင်ခလို သင်ကြားပေးခကိုမေးနေတာဟ "

ဟော့ရှန်က ပြောလာတယ်၊
" ပြီးတော့ အဲ့ဒါက ငါဖြေလိုက်တဲ့မေးခွန်းပဲလေ "

ကျေးဇူးပြုပြီး မင်း အဓိပ္ပာယ်ရှိတာပြောပါ့လားလို့!

ချောင်ရှောင် ပြောလိုက်တယ်၊
" ကုန်ကျစရိတ်ကွ! ပိုက်ဆံနဲ့ပတ်သတ်တဲ့ကုန်ကျစရိတ်တွေလို့! "

ဟော့ရှန်က သူ့ကိုမေးလာပါ၏၊
" မင်းမှာပိုက်ဆံရှိလို့လား "

ချောင်ရှောင် : " ... "

စိတ်မကောင်းပါဘူး၊ သူ့မှာသာ ပိုက်ဆံမရှိရင် ဒီနိုင်ငံမှာ သူတို့ကိုယ်သူတို့ ချမ်းသာတယ်လို့သတ်မှတ်လို့ရတဲ့လူတွေ တကယ့်ကိုအတော်လေးနည်းသွားလိမ့်မယ်။

ဟော့ရှန် : " ကြည့်လေ၊ မင်းမှာပိုက်ဆံမရှိပေမယ့် မင်းကဒီအကြောင်းကိုမလျှော့တမ်းပြောနေတုန်းပဲ၊ ကိစ္စတွေကို မင်းအတွက်မင်းပဲ ခက်ခဲအောင်လုပ်နေတာမဟုတ်ဘူးလား "

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Donde viven las historias. Descúbrelo ahora