အခန်း(၅၇)

7K 1.4K 98
                                    

Unicode

စုန့်ရိရှီနှင့်ကျဲခိုင်လည်း ထွက်ခွာရန်လိုအပ်နေချေပြီ။

မီးတွေလင်းလာသည်နှင့်တစ်ပြိုင်နက် စုန့်ရိရှီတစ်ယောက် သူ့အိမ်မက်ကနေ နိုးလာခဲ့တယ်၊
" ငါ့အထင် ငါ့အိမ်စာတွေမပြီးသေးဘူးလားလို့... "

ကျဲခိုင်သည်လည်း နိုးလာခဲ့ကာ၊
" ငါရောပဲ "

စုန့်ရိရှီက သူ့ကိုကြည့်လိုက်ကာ၊
" ဒါဖြင့် ငါတို့ဘာကိုစောင့်နေဦးမှာလဲ "

ကျဲခိုင် : " သွားကြစို့! "

ထိုနှစ်ယောက်မှာ လေကဲ့သို့ ထွက်ပြေးသွားလေတယ်၊ အထွက်လမ်းမှာ သူတို့တွေ အိမ်စာကတ်တွေကိုလည်း သဲ့ယူလိုက်သေးလို့၊ ‌၎င်းတို့ကိုနောက်တစ်ကြိမ်ထပ်သုံးရန်ဖြစ်နိုင်ချေက အတော်လေးနည်းသော်ငြားလည်းပေါ့။

ချောင်ရှောင်မှာ အတွေးထဲ အနည်းငယ်လမ်းပျောက်နေဆဲ၊ သူ့နဖူးပြင်က စပ်ဖျဉ်းဖျဉ်းခံစားနေရကာ သူ့မှာ ၎င်းကိုထိပင်မထိရဲ။

ဒါက နမ်းရုံလေးပဲလေ၊ ဘာများကြီးကြီးမားမားအရေးကြီးသွားလို့လဲ။

သူက ဟော့ရှန်ကိုနမ်းတယ်၊ စုန့်ရိရှီက ကျဲခိုင်ကိုနမ်းတယ်၊ ကျဲခိုင်က စုန့်ရိရှီကိုနမ်းတယ်၊ ပြီးတော့ စုန့်ရိရှီက ချင်စုကိုတောင်မှ နမ်းသေးတာပဲလေ...

ဒါကြောင့် တကယ်ပဲ ဒါက ဘာမှမဖြစ်ပါဘူး။

ဒါပေသိ......

ဒါက အတော်လေးမှန်ကန်မနေဘူးလို့ ချောင်ရှောင်ထင်နေတယ်။

သူ မိန်းကလေးတစ်ယောက်၏အနမ်းကိုခံလိုက်ရတယ်လို့ ထင်ယောင်ထင်မှားရှိနေတယ်။

ဟော့ရှန်က မိန်းကလေးမို့လို့လား။

သူ့စိတ်ထဲ စကတ်ဝတ်ထားသည့်ဟော့ရှန်ကို မြင်ယောင်ကြည့်မိသွားတယ်။

အမ်......

ချောင်ရှောင်ရှောင် သူ့အတွေးနှင့်သူ အလျင်အမြန်အထိတ်တလန့်ဖြစ်သွားရသည်မှာ အတွေးအမြင်ရှင်းပြီးခေါင်းပင်ကြည်သွားရသည့်အထိ။

ဝေ့ကျားယွီက ချောင်ရှောင်ကို ဖျက်ကနဲကြည့်လိုက်ကာ သူ့ဘာသာသူ တွေးနေသည်ကတော့၊
'အခုကျမှ မင်းက ထိတ်ထိတ်ပျာပျာဖြစ်နေတယ်တဲ့လား၊ ဘာအသုံးဝင်ဦးမှာတုန်း၊ အစောကြီးကတည်းက မင်းတစ်ခုခုလုပ်ခဲ့သင့်တာကွ!'

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now