အခန်း(၄၁)

7.5K 1.4K 123
                                    

Unicode

" မင်းကို ငါ့ဇနီးအဖြစ်ယူဖို့ပဲ ငါ့တောင်းဆိုလိုက်ပါတော့လား! "
ချောင်ရှောင် မပျော်မရွှင် ပြောလိုက်တော့တယ်။

ဒါတွေက ဘယ်လိုစကားမျိုးတွေတုန်း။

သူက ဆံဖြူသွားကျိုးတဲ့အထိအတူတူနေဖို့တောင် ထည့်ပြောလိုက်သေးတယ်၊ နောက်တစ်ခုက ဘာလဲ၊ 'မကြာခင် သားတစ်ယောက်မွေးဖို့' ပြောတော့မှာလား!

ဟော့ရှန်က အရှက်မရှိစွာ ပြောလာတယ်၊
" ကောင်းပြီလေ "

ချောင်ရှောင် သူ့ကို စိတ်လွတ်သွားသည့်အလား ကြည့်လိုက်တယ်၊
" သရဲကိုပဲသွားရနေလိုက်! "

" ဒါဆိုရင်... "
ဟော့ရှန်က လျှော့ပေးလိုက်ပါတယ်၊
" မင်း ငါ့ကိုလက်ထပ်လို့ရတာပဲ "

ဘယ်လိုတောင် ကောင်းလိုက်တဲ့ ဖြေရှင်းချက်ကြီးတုန်း!

ချောင်ရှောင် သူ့လက်ညှိုးကို သူ့နဖူးမှာထောက်ကာ ပြောလိုက်တယ်၊
" နိုးထလိုက်တော့ အစ်ကိုကြီးရေ၊ နေမဝင်သေးဘူးဟ! "

ဟော့ရှန် သမ်းဝေလိုက်ကာ၊
" ကောင်းသောညပါ "

ချောင်ရှောင်မှာ သူ သူ့မျက်လုံးတွေကို မှိတ်သွားတာကို ကူကယ်ရာမဲ့စွာ ကြည့်နေလိုက်ရတယ်၊ အရင်ကသာဆို နေ့အချိန်အတွင်း သူအိပ်နေတာကို မြင်တာနဲ့ သူ့ကိုဆိုဆုံးမပြီး အတန်းထဲမှာ နားထောင်ခိုင်းလိုက်မှာ။

သို့သော်လည်း အခုတော့...

အိပ်အိပ် မအိပ်အိပ် သူက ပထမရနေတုန်းပါပဲ၊ ဘိတ်ဆုံးရတဲ့သူမှာ ပွစိပွစိလိုက်ပြောဖို့ ဘာအခွင့်အရေးများရှိမှာတဲ့တုန်း။

နေ့လည်ခင်း နောက်ဆုံးအတန်းချိန်မှာ အင်္ဂလိပ်စာ၊ သူတို့က စာပိုဒ်အသစ်တစ်ပုဒ်ကို ဖတ်နေကြတာကြောင့် စကားလုံးအသစ်‌တွေမှအများကြီး၊ အတန်းချိန် နောက်ဆုံးဆယ်မိနစ်မှာ ဆရာမက ကျောင်းသားတွေကို ဝေါဟာရအသစ်ကို အကျယ်ကြီးရွတ်ဖတ်ခြင်းဖြင့် အလွတ်ကျက်‌နေစေတယ်။

ဖြစ်နိုင်တာ အတန်းကပဲ ဆူညံလွန်းအားကြီးနေတာကြောင့်လား သူပဲ အိပ်ရေးဝနေတာကြောင့်လားမသိ၊ ဟော့ရှန်က နိုးလာ‌တယ်။

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now