အခန်း(၆၄)

6.9K 1.4K 82
                                    

Unicode

ဒီသားရဲကောင်ကြီးက ပိုက်ဆံအများကြီးမရှိပေမယ့် ပိုက်ဆံနည်းနည်းပါးပါးလောက်က ဘယ်တော့မှပြတ်မနေတာတော့ စိတ်မကောင်းစရာပါလားနော်!

လော့ရှောင်း ဝေ့ကျားယွီဆီဦးလှည့်လိုက်တယ်၊ သူ့ကိုဖုန်းခေါ်လိုက်ကာ၊
" ဒီည ညစာအတူစားရအောင် "

ဝေ့ကျားယွီက မေးလာလေတယ်၊
" ရှန်ကောနဲ့ပတ်သတ်ပြီးတစ်ခုခုများရှိလို့လား "

လော့ရှောင်း : " အမ် "
ယခုအချိန်မှာ သူ သူ့ကိုအကြောင်းရင်းပြောပြလို့မဖြစ်ဘူး၊ ဒီကလေးထွက်ပြေးသွားမှာ သူကြောက်လို့လေ။

ဝေ့ကျားယွီ၏လေသံက ချီတုံချတုံနှင့်၊
" အဲ့ဒါက ... "

လော့ရှောင်းမေးလိုက်တယ်၊
" မင်းအလုပ်ရှုပ်နေတာလား "

၎င်းကိုပြောပြရန် ဝေ့ကျားယွီအလွန်ရှက်နေလေတယ်။

လော့ရှောင်း : " အို၊ မင်းမှာအရေးကြီးကိစ္စရှိနေရင်လည်း ထားလိုက်တော့ "

ဝေ့ကျားယွီ : " ! "

ရှောင်းကောက သူနှင့်အတူညစာစားရန် သူ့ကိုဖိတ်နေတာလေ၊ သိက္ခာဆည်လို့ရမယ့်ကမ်းလှမ်းချက်ကို ငြင်းရအောင် သူဘယ်လိုလုပ်ဒီလောက်မိုက်မဲနိုင်ရတာတုန်း!

ဝေ့ကျားယွီ : " အဆင်ပြေတယ်! အဆင်ပြေတယ်! "

လော့ရှောင်းက ဘယ်တုန်းကမှသူများတွေကိုတွန်းအားမပေးပေ၊
" ငါကထမင်းအမြန်စားရုံပဲ၊ မင်းမအားဘူးဆိုလည်း ကိစ္စမရှိဘူး "

" ငါအလုပ်ရှုပ်မနေပါဘူး! "
ဝေ့ကျားယွီ နေရာကိုမေးကာ ပြောလိုက်တယ်၊
" ပြီးရင်တွေ့မယ် "

သူဖုန်းချလိုက်ပြီး သူ့ဘေးက လေးလုံးချင်ကိုပြောလိုက်တယ်၊
" အဲ့ဒါ ... အခုလော‌လောဆယ် ငါ့မှာလုပ်စရာရှိနေတယ် "
အစတုန်းက သူတို့၏ကျူရှင်အတန်းတွက် သူတို့အချိန်ဇယားဆွဲနေကြတာ။

" အော် "
သို့နှင့် ချင်စုက လှည့်ထွက်သွားတော့တယ်။

ဝေ့ကျားယွီမပျော်ရွှင်စွာပြောလိုက်တယ်၊
" မင်းဘာလို့ဒီလောက်အလျင်လိုနေတာတုန်း "

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now