အခန်း(၂၈)

7.4K 1.4K 69
                                    

Unicode

" မင်းအိမ်ကိုသွားတာ "
ချောင်ရှောင်မှာ သည်ဖြစ်နိုင်ချေကို တစ်ခါမှမစဉ်းစားဖူးပေ၊ သူပြောလိုက်တယ်၊
" ဟင့်အင်း၊ ဟင့်အင်း၊ အရမ်းရှက်စရာကောင်းတယ် "

သူနှင့်ဟော့ရှန်မှာ တစ်ယောက်နှင့်တစ်ယောက်ရင်းနှီးနေပြီဖြစ်သော်လည်း သူ့မိဘတွေကို တွေ့ရန်မှာအလွန်ထူးဆန်းနေ‌သေး၏။

ဟော့ရှန်က သူ့ပြဿနာကို စကားတစ်ခွန်းနဲ့ ဖြေရှင်းပေးလိုက်တယ်၊
" ငါတစ်ယောက်တည်းနေတာ "

ချောင်ရှောင်၏နှလုံးသားမှာ တုန်လှုပ်သွားကာ သူဟာ အနည်းငယ်စိတ်လှုပ်ရှားသွားလေရဲ့။

ချောင်ရှောင်က မေးလိုက်တယ်၊
" မင်းက ဘာလို့တစ်ယောက်တည်းနေတာလဲ "

ဟော့ရှန် : " ငါက အဆောင်မှာမနေချင်ဘူးလေ၊ ဒါကြောင့် အနီးအနားမှာ နေရာတစ်ခု ငှားရမ်းထားတာ "

ချောင်ရှောင်မှာ သိချင်သွားတယ်၊
" မင်းမိသားစုက မင်းနဲ့အတူမရှိဘူးလား "

ဟော့ရှန်မှာ ချောင်ရှောင်၏စကားလုံးများက အနည်းငယ်ထူးဆန်းနေသည်ဟု ခံစားရတယ်၊ ပုံမှန်ဆိုရင် 'မင်းမိဘတွေ' ဆိုပြီး ပြောသင့်တာမလား။

သို့သော်လည်း ချောင်ရှောင်က 'မင်းမိသားစု' ဟုသုံးလာတယ်။

သူ ပြောလိုက်တယ်၊
" သူတို့က အလုပ်‌‌တွေနဲ့ အလုပ်ရှုပ်နေကြတာ၊ သည်မှာ‌နေဖို့က သူတို့အတွက်သိပ်အဆင်မပြေဘူး "

" အို၊ ဒါက ဒီလိုကိုး"
ချောင်ရှောင်က ပြောလိုက်၏၊
" မင်းက အံ့ဩစရာကြီး၊ မင်း တကယ်ပဲတစ်ယောက်တည်းနေတာပေါ့ "

သူတွေးလိုက်တာက ဟော့ရှန်၏မိသားစုမှာ အလွန်သဘောထားကြီးလှကာ သူတို့ဟာတကယ်ပဲ အထက်တန်းကျောင်းသားတစ်ယောက်ကို သူ့ဘာသာသူ နေရာတစ်ခုသွားငှားရမ်းခွင့်ပြုထားသည်ဟူ၍။

သို့‌သော်လည်း အဲ့ဒါကိုတွေးကြည့်ပြီးတဲ့နောက် ယခု ချောင်ရှောင်ဟာ တွေးမိတယ်၊
'ဘယ်သူမှဂရုမစိုက်တာဖြစ်နိုင်တာပဲ၊ ဒါကြောင့် သည်ကောင်က သူ့ကိုယ်သူ ညအချိန်မှာ ဂိမ်းတွေကစားရန် နောက်ကျသည်အထိနေပြီး တစ်နေ့လုံးအိပ်နေဖို့ ခွင့်ပြုထားတာပေါ့ "

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now