အခန်း(၃၄)

7.2K 1.5K 85
                                    

Unicode

ထမင်းစားနေစဉ်တစ်ချိန်လုံး ဟော့ရှန်ဟာ လုံးဝကိုစိတ်မပါခဲ့ပေ။

စားချင်စိတ်သိပ်မရှိသည့်လော့ရှောင်းဟာလည်း သူ့ကို စုပ်လုံးချိုချဉ်တစ်ခု ပစ်ပေးလာတယ်။

ဟော့ရှန်က အဲ့ဒါကိုဖျက်ကနဲကြည့်လိုက်သော်လည်း ယူရန် လှုပ်ပင်မလှုပ်။

လော့ရှောင်းက သူ့ကို ဆေးလိပ်တစ်လိပ်လှမ်းပေးလာတယ်။

ဟော့ရှန်ဟာ အဲ့ဒါကိုပိုပြီး‌တောင်စိတ်မဝင်စား၊ သူက‌ပြောလိုက်တယ်၊
" ငါအရင်ပြန်နှင့်မယ် "

လော့ရှောင်း : " အမ် "

လော့ရှောင်းဟာ ဆေးလိပ်မီးညှိုတော့မည့်အချိန်မှာပဲ သင်ကြားရေးဒါရိုက်တာက အခြားတစ်ဖက်မှာ ပေါ်လာလေ၏၊ ဒါရိုက်တာဟာ အမြင့်ဆုံးအရှိန်နှင့် တဟုန်ထိုးပြေးလာသည်မှာ သူ့ကိုအရှင်လတ်လတ်အရေခွံခွာရန် အခိုင်အမာဆုံးဖြတ်ထားသည့်အတိုင်း။

ကျောင်းအာဏာရှင်ကြီးက ခြေမြန်သည်လေ၊ လျင်မြန်သည့်ခြေလှမ်းအနည်းငယ်ဖြင့် သူက လူအိုကြီ‌းကောင်းကို ခုနှစ်မီတာ ရှစ်မီတာအဝေးမှာ လွယ်လွယ်ကူကူ နောက်၌ချန်ထားခဲ့တယ်။

လူအိုကြီးကောင်းမှာ လုံးဝကိုဒေါသထွက်နေလေ၏၊
" လော့ရှောင်း မင်းငါ့ကိုစောင့်နေလိုက်! ငါ မင်းနောက်တစ်ခါကျောင်းမှာ‌ဆေးလိပ်သောက်နေတာကိုမိရင် အဲ့ဒါက မင်းရဲ့အမြဲတမ်းမှတ်တမ်းမှာ ပါပြီပဲ! "

ကျောင်းအာဏာရှင်ကြီးမှာ ဘယ်လိုနာမည်ဆိုးပဲရှိရှိ ဂရုမစိုက်သော ကောင်းကောင်းကြီးသိနားလည်သည့် ဝါရင့်သင်ကြားရေးဒါရိုက်တာဟာ သူ့ကိုရင်ဆိုင်ရဲပြီး ထွက်ပြေးချင်အောင်ပင် ခြောက်လှန့်‌နိုင်တယ်။

လော့ရှောင်းဟာ ကျောင်း‌စားသောက်ဆိုင်မှ ထွက်လာတော့ ရူးချင်မတတ်နှင်ထုတ်ခံထားရသည့် ဟော့ရှန်ကို သွားသတိရလိုက်တယ်။

အမ်......

သူက လူယုတ်မာအိုကြီးတစ်‌ယောက်ဖြစ်နေရင်တောင်မှ အဆုံးမှာတော့ သူ့ရဲဘော်ပဲလေ၊ အဲ့‌တော့ သူ သူ့ကိုကူညီပေးသင့်တာပေါ့။

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now