အခန်း(၉၅)

6.6K 1.3K 64
                                    

Unicode

အထူးသဖြင့် သောကြာနေ့အပြီးမှာ ဟော့ရှန် သူ့ကိုတကယ်‌တွေ့ချင်မိတယ်၊ ကိစ္စတွေငြိမ်သက်သွားတဲ့အခါ သူ့မှာချောင်ရှောင်ကိုပဲအတိုးချလွမ်းနေမိတော့မှာ။

သူ့စိတ်ကိုသတိပြုမိဟန်နဲ့ ချောင်ရှောင်က အပြုံးလေးနဲ့ပြောတယ်၊
" ဟုတ်ပါပြီ၊ စနေ တနင်္ဂ‌နွေဆို ငါအားတာများပါတယ်၊ ငါမင်းကိုလာတွေ့ပါ့မယ် "

သူ့သဘောတူကြောင်းအဖြေကိုကြားခါမှ ဟော့ရှန်ရဲ့မျက်ခုံးတွေ ပြေလျော့သွားရတယ်၊
" တကယ်လား? "

ချောင်ရှောင်ကတိပေးလိုက်တယ်၊
" တကယ် "

အတန်းတက်ခေါင်းလောင်းမြည်တဲ့အခါ ချောင်ရှောင်က အတန်းကိုအမြန်သွားတော့ခါနီးမှာ ဟော့ရှန်က သူ့ကိုပြန်ဆွဲထားခဲ့တယ်။

ချောင်ရှောင်သူ့ကိုကြည့်ပြီး၊
" အမ်? "

ဟော့ရှန် : " ကိစ္စတစ်ခုအတွက် ကိုယ်မင်းရဲ့သဘောထားကိုမေးချင်လို့ "

ချောင်ရှောင်မှာ အတန်းထဲနောက်ကျမှရောက်မှာကို စိုးရိမ်နေတယ်၊
" အတန်းပြီးမှပြောကြရအောင်လေ? "

ဟော့ရှန် : " မကြာဘူး၊ ခဏပဲ "

ချောင်ရှောင်က သူ့ခြေလှမ်းတွေကိုရပ်တန့်ပြီး သူ့နောက်ကနေ ကျောင်းဆောင်ရဲ့အရိပ်ဆီလိုက်သွားခဲ့တယ်၊
" အိုခေ၊ ပြောတော့ "

ဟော့ရှန်က သူ့ကိုငုံ့ကြည့်ပြီး တည်ကြည်လေးနက်စွာ မေးလိုက်တယ်၊
" ကိုယ့်မိသားစုကို မင်း‌အကြောင်းပြောလိုက်လို့ရမလား၊ ကိုယ်မင်းကိုကြိုက်တယ်လို့လေ? "

ချောင်ရှောင်မျက်လုံးတွေပြူးကျယ်သွားပြီး ကြက်သေသေသွားရတယ်၊
" ဘ-ဘာ? "

ဟော့ရှန်ကမေးတယ်၊
" ကိုယ်ပြောလို့ရမလားဟင် "

ချောင်ရှောင်မှာ အတန်ကြာအောင် မတုံ့ပြန်လိုက်နိုင်ချေ၊ သူ့နှလုံးသားကပူနွေးနေပြီး သူ့အသံကိုတောင် အပူဟပ်သွားပုံရတယ်၊ နဲနဲပုံမှန်မဟုတ်ဘဲထွက်လာတယ်၊
" ဘာလို့မင်းမိသားစုကိုသိခွင့်ပေးဖို့စဉ်းစားနေတာလဲ "

ဟော့ရှန်က ထပ်မေးလာပြန်တယ်၊
" ကိုယ်သူတို့ကို‌ပြောပြလို့ရမလား "

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now