အခန်း(၅၁)

7.2K 1.5K 186
                                    

Unicode

ချောင်ရှောင်တစ်ယောက် သစ်သီးနှစ်ပွဲနှင့်အတူ ရောက်လာလေ၏၊ သူထိုင်ချကာ ခါးသီးစွာပြောလိုက်တယ်၊
" အို၊ နတ်ဘုရားဟော့ရှန်ကတော့ အရမ်းနာမည်ကြီးတာပဲကွာ "

ဟော့ရှန်က သိသာစွာပင် အလန့်တကြားဖြစ်သွား‌တယ်၊ နွေးထွေးမှုအချို့က သူ၏အေးစက်ပြီး စိတ်ဝင်စားမှုမရှိသည့်မျက်လုံးများထဲ လျင်မြန်စွာပြန်ပေါ်လာလေတယ်၊
" မင်းဘယ်လောက်ထိကြားသွားလဲ "

ချောင်ရှောင် ပြောလိုက်တယ်၊
" ငါအကုန်ကြားလိုက်တယ် "

ဟော့ရှန်က သေချာစေရန် ထပ်မေးလာ၏၊
" မင်းအကုန်ကြားလိုက်တယ်လား "

" အမှန်ပဲ! "
ချောင်ရှောင်က ပြောလိုက်ပါတယ်၊
" ဒီလောက်လှတဲ့မိန်းကလေးတစ်ယောက်က လက်ဦးမှုယူပြီး မင်းကို မင့် WeChat တောင်းတာကို မင်းက မမျှော်လင့်ဘဲ ပေါက်ပန်းလေးဆယ်တွေနဲ့ သူမကိုငြင်းလွှတ်လိုက်တယ်လေ "

သူ့မှာဖုန်းမရှိ၊ WeChat မရှိဘူးလို့ပြောပြီးတော့တဲ့၊ ဘယ်လိုတောင် 'လိမ္မာပါးနပ်တဲ့' ငြင်းပယ်မှုကြီးလဲ!

ဟော့ရှန်နှုတ်ခမ်းပါးတွေ မြင့်တက်သွားကာ မေးလာသည်က၊
" သဝန်တိုလို့လား "

ချောင်ရှောင် ငေးကြောင်ကြောင်နှင့် စိုက်ကြည့်နေသော်လည်း မကြာခင်မှာ သူ့ကိုဖျက်ကနဲကြည့်ကာ ပြောလိုက်တယ်၊
" ဟီးဟီး၊ ငါသေလောက်အောင်သဝန်တိုတာပေါ့ "

ဟော့ရှန်၏နှလုံးသားလေး ခုန်ပေါက်သွားကာ သူ သူ့ကိုမေးလိုက်တယ်၊
" တကယ်လား "

" ဒါပေါ့ကွ! "
ချောင်ရှောင် မပျော်မရွှင်ဖြင့် ပြောလိုက်တယ်၊
" ငါ့တစ်သက်တာလုံး တစ်ခါမှအချိန်မခံရဖူးဘူးလေ! "

ဟော့ရှန် : " ... "

ချောင်ရှောင်က မခံမရပ်နိုင်ဖြစ်စွာ ဆက်ပြောလာတယ်၊
" အရပ်ရှည်တာ အရမ်းကောင်းတာပဲ၊

သူ့မကြည်မသာလေသံမှာ နှစ်ရှည်လများအချဉ်ဖောက်ထားသည့်ရှာလကာရှည်အလား၊ ချဉ်စုတ်စုတ်ရနံ့က မိုင်ပေါင်းထောင်ချီထိတိုင် လေနှင့်အတူပျံ့လွင့်သွားလေ၏။

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now