အခန်း(၆၅)

7.3K 1.4K 95
                                    

Unicode

ချောင်ရှောင်နိုးလာချိန်တွင် သူ့မှာလန်းဆန်းတက်ကြွနေလို့။

သူကောင်းကောင်းအိပ်မပျော်ခဲ့တာ အတော်လေးကြာသွားခဲ့ပြီ၊ ဘယ်လောက်တောင်ကြာသွားပြီလဲ။

ကံမကောင်းစွာဖြင့် ဒါကိုတောင်သူမမှတ်မိပေ။

—— တွေးရန်မလိုအပ်သည့်အကြောင်းအရာတွေကို ‌တွေးမနေပါနဲ့တော့။

ချောင်ရှောင် သူ့ခန္ဓာကိုယ်ကိုအကြောဆန့်လိုက်ပြီးနောက် အေးချမ်းသာယာသည့်ဂီတသံစဉ်တချို့ကိုကြားလိုက်ရတယ်။

အိပ်ရာ၏တစ်ဖက်ခြမ်းက လစ်ဟာနေချေပြီ၊ ဒါပေမဲ့ ဂီတသံစဉ်ကြောင့် သူချက်ချင်းမထချင်သေးပေ။

ကြည့်ရတာ ဟော့ရှန်က အိမ်တွင်းစီမံခန့်ခွဲခြင်းမှာ ‌အတော်လေးစိတ်ဝင်စားသည့်ဟန်ရှိတာပဲ။

၎င်းနှင့်ပတ်သတ်ပြီး သူများများစားစားတွေးမနေတော့၊ ဒါကတိုက်ဆိုင်မှုတစ်ခုလို့သာ သူတွေးလိုက်ပါတယ်။

အဆုံးမှာတော့ သူ့တွင်တိတ်ဆိတ်မှုနှင့်ပတ်သတ်ပြီးပြဿနာရှိနေတယ်ဆိုတာ အရှေ့အထက်တန်းက ဘယ်သူမှမသိကြဘူးလေ။

ချောင်ရှောင်အိပ်ရာထဲကထွက်ကာ အိပ်ခန်းထဲမှထွက်လာချိန်တွင် တစ်ခုခုချက်ပြုတ်နေသည်ကိုအနံ့ရလိုက်၏။

မီးဖိုးချောင်ထဲဝင်သွားလိုက်တော့ သူ့ကိုကျောပေးထားသည့်ယောက်ျားတစ်ယောက်ကို သူတွေ့လိုက်ရလေတယ်။

ဟော့ရှန်က တီရှပ်ပွပွတစ်ထည်နှင့်မီးခို‌းရောင်အစင်းရှိဘောင်းဘီရှည်ကို တွဲဖက်ဝတ်ဆင်ထားလို့၊ သို့သော်လည်း သူ၏ကောင်းမွန်သောခန္ဓာကိုယ်အချိုးအစားကြောင့် ပုံပျက်ပန်းပျက်အဖြစ်ဆုံးအဝတ်အစားတွေကိုဝတ်ထားရင်တောင် ပေါ့ပေါ့ပါးပါးကြည့်ကောင်းနေစေတယ်။

ချောင်ရှောင် သူ့ကိုယ်သူငုံ့ကြည့်လိုက်ကာ — အချဉ်ဓာတ်မှာ အလွန်ပြင်းလို့ စတင်ဗလုံစီနေချေပြီ။

ဟော့ရှန်က လှုပ်လှုပ်ရှားရှားအသံကိုကြားလိုက်ရ‌တာကြောင့် ပြောလိုက်တယ်၊
" ကောင်းသောမနက်ခင်းပါ "

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now