အခန်း(၂၄)

7.9K 1.5K 103
                                    

Unicode

မမြင်ရဘူး?

သူ တကယ်မမြင်ရဘူးဟ!

ချောင်ရှောင်မှာ ကြက်သေသေသွားကာ ပြောလိုက်တယ်၊
" ဒါဆိုလည်း ငါမင်းကို ဖတ်ပြပေးမယ် "

သူ ထွက်ခွာခွင့်ကို လှန်လိုက်ကာ ဂရုတစိုက်ဖတ်ပြတော့၏၊
" ခွင့်တောင်းခံခြင်း၊ အထက်တန်းပထမနှစ် အတန်းတစ်မှ ချောင်ရှောင်နှင့်ဟော့ရှန်သည်... "

ချောင်ရှောင်မှာ ၎င်းကို ဂရုတစိုက်နှင့်ကျေပွန်စွာ တစ်ကြိမ်ဖတ်ပြလိုက်တယ်။

သူ့ရွတ်ဆိုခြင်းအပြီးမှာတော့ သူက လော့ရှောင်းကို မျှော်လင့်တကြီးကြည့်ကာဖြင့်၊
" အခု မင်းနားလည်သွားပြီလား "

မင်းက မမြင်ရပေမယ့် ကြားတော့ကြားနိုင်သေးတယ်လေ၊ ချောင်ရှောင်က စကားလုံးတွေကို တိတိကျကျ ပြတ်သားပီသစွာ ရွတ်ဖတ်ခဲ့တာ၊ မင်းရဲ့အကြားအာရုံမှာသာ ပြဿနာမရှိသရွေ့ မင်းက သေချာပေါက်နားလည်နိုင်လိမ့်မှာပဲကွ!

ဘယ်သူသိမှာလဲ...

သည်ကျောင်းအာဏာရှင်ကြီးကတော့ အတည်ပေါက်ကြီးနဲ့မထုံတတ်သေးနိုင်သည့်ကျောင်းအာဏာရှင်တစ်ယောက်ပါပဲ၊ သူက နားထောင်တယ်၊ ထို့နောက် ပြောလာတယ်၊
" မင်းမသိဘူးလား၊ ကြားရုံပဲကြားလိုက်တဲ့အရာကို မင်းမယုံသင့်ဘူးလေ၊ အဲ့ဒါကိုမင်းမျက်လုံး‌တွေနဲ့ ကိုယ်တိုင်မြင်ရမှဖြစ်မှာပေါ့ "

၎င်းကို သွယ်ဝိုက်ပြီးဆိုလိုရရင် : မင်းဘာပဲပြောပြော အရေးမပါဘူး၊ ငါမမြင်ရရင် အဲ့ဒါကအတုပဲ။

ချောင်ရှောင် : " ??? "

ယဉ်ကျေးမှုတစိုးတစိမျှမရှိဘဲ ဟော့ရှန်က ရယ်လေ၏။

ချောင်ရှောင်ဟာ သူ့ကိုကြည့်ရန် လှည့်လိုက်ကာ – မင်းက ဘယ်လိုတောင်ရယ်နိုင်သေးတာတုန်းလို့!

ဟော့ရှန်မှာ သူ့ရဲ့ရယ်မောခြင်းကို ချုပ်တည်းကာ၊
" အင်း၊ ကိစ္စတော့မရှိပါဘူး၊ ဘာပဲဖြစ်ဖြစ် မင်းကိုချီပြီး နံရံကိုခုန်ကျော်တာက ငါ့အတွက်ပြဿနာကြီးတစ်ခုမှမဟုတ်တာ "

မင်းက မရှင်းပြနိုင်တော့တာနဲ့ သည်လိုပဲ အလျှော့ပေးတော့မလို့လား!

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now