အခန်း(၁၁၅) - အချပ်ပို(၂)

6.6K 1.3K 38
                                    

Unicode

ဟော့ရှန်က ချောကလက်တွေ လက်ခံလိုက်တယ်၊ ဒင်းက တခြားတစ်ယောက်ဆီက ချောကလက်တွေကို လက်ခံတယ်ပေါ့! ချစ်သူများနေ့ကြီးမှာလေ!

ချောင်ရှောင်မှာ စိတ်ဆိုးလွန်းလို့ လေ့ကျင့်ခန်းစာရွက်တွေကို လွှင့်ပစ်မိတော့မတတ်ပဲ!

သူက ဒေါပွစွာနဲ့ နောက်လှည့်ကာ စာသင်ခန်းဆီမပြန်ခင် အထပ်ကိုတစ်ပတ်လောက် ပတ်လျှောက်နေလိုက်တယ်၊ သူ အတန်းထဲဝင်လာတာနဲ့ မေးစေ့ကိုလက်ထောက်ကာ ပါးစပ်အုပ်လို့သမ်းဝေနေတဲ့ ဟော့ရှန်ကို တွေ့လိုက်ရတယ်။

ချောင်ရှောင် တောင့်တောင့်ကြီး အကြည့်လွှဲမိကာ လေ့ကျင့်ခန်းစာရွက်တွေကို ဝေပေးလိုက်တယ်။

သူ့စားပွဲကိုပြန်ရောက်တဲ့အခါ ဟော့ရှန်က သူ့ကိုကြည့်လာတယ်၊
" ဘာဖြစ်လို့လဲ "

ချောင်ရှောင်က သူ့နှုတ်ခမ်းကို တင်းတင်းစေ့ကာ စာရွက်တွေကို တစ်ရွက်ပြီးတစ်ရွက် စားပွဲပေါ်ထပ်နေလိုက်တယ်၊ မင်းမှာ ဘာဖြစ်လို့လဲဆိုပြီးမေးဖို့ သတ္တိရှိသေးတယ်ပေါ့လေ! မင်းလုပ်ခဲ့တဲ့အမှားအတွက် မင်းက အပြစ်ရှိသလိုတောင်ခံစားမနေရဘူးပဲ!

သူ‌တို့နောက်က ခုံမှာ စုန့်ရိရှီက ပေကလက် ပေကလက်နဲ့ သူ့ထိုင်ခုံဖော်ကို ပြောလိုက်တယ်၊
" လင်လင်တွေ စကားများနေကြတာလား? "
အရှေ့ထိုင်ခုံမှ ကောင်လေးနှစ်ယောက်က တကယ်ပဲ ချစ်သူကောင်လေးတွေဖြစ်နေမှန်း သိပြီးကတည်းက သူက မောက်မာတဲ့အပြုအမူတွေ မလုပ်ရဲတော့ဘူး၊ 'ကောင်ကျီး'က ဘာလ‌ဲ၊ ဒါမှမဟုတ် 'ကောင်ကျီး'မဟုတ်တာက ဘာလဲ? သူတို့ 'ကျီး' ချင်သမျှ 'ကောင်' လို့ရနေတာဟ!

သူ့ထိုင်ခုံဖော်ကလည်း အကြံအိုက်နေလေရဲ့၊
" ကြည့်ရတာ သခင်လေးဘက်က တစ်ဖက်သတ် စိတ်ဆိုးနေတဲ့ပုံပဲကွ "
ချောင်ရှောင်ရဲ့နောက်ခံအသိုင်းအဝိုင်းကိုသိသွားကြပြီးနောက်မှာ ချောင်ရှောင်က နာမည်ပြောင်အသစ်တစ်ခု ရသွားတော့တယ်။

စုန့်ရိရှီရဲ့ခေါင်းက ခွေးသွားစိပ်တွေက စတင်လှည့်လာပြီး သူက ပြောတယ်၊
" ဒီနေ့က ချစ်သူများနေ့ဆိုတော့ ရှန်‌ကောက ရှိလို့မရဘူးနော့ ... "

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now