အခန်း(၁၁၆) - အချပ်ပို(၃)

6.6K 1.2K 40
                                    

Unicode

သူတို့နှစ်ယောက်က တစ်နေ့တာခွင့်ယူဖို့အတွက် သုံးနေကျဆင်ခြေကိုပဲ သုံးခဲ့ကြတယ်၊ ဟော့ရှန်က ချောင်ရှောင် နေမကောင်းဖြစ်နေတယ်လို့ ပြောလိုက်ရုံပါပဲ၊ ဒီအချိန်မှာ သူက ဆရာထောင်းကိုခေါ်ပြောပြီး ဆရာထောင်းက ကြားတဲ့အခါ ချက်ချင်းပဲ သူတို့ခွင့်ယူတာကို လက်ခံလိုက်တော့တယ်၊ စုန့်ရိရှီတစ်ယောက် သိရှိသွားတဲ့အခါ သူ့ခမျာ သူ့မျက်လုံးတွေ နီရဲလာတဲ့အထိ မနာလိုအားကျကာ ကျန်ရစ်နေခဲ့တော့တယ်။

ချောင်ရှောင်မှာ အတော်လေးအပြစ်ရှိသလို ခံစားနေရတယ်၊
" ငါတို့လိမ်ပြောလိုက်ရပြီ "

ဟော့ရှန်ကပြောတယ်၊
" ဒါဆို နောက်တစ်ခါကျ ကိုယ် အမှန်အတိုင်းပြောလိုက်ပါ့မယ် "

ချောင်ရှောင် သူ့အတွေးတွေကို လိုက်မမီနိုင်တော့ဘူး၊
" အမှန်အတိုင်း? "

ဟော့ရှန်က အလေးအနက် ပြန်ပြောတယ်၊
" ဆရာ၊ ကျွန်တော် ချစ်သူများနေ့မှာ ကျွန်တော့်ထိုင်ခုံဖော်နဲ့ကုန်ဆုံးဖို့ ခွင့်ယူလို့ရမလားဗျ? ဆိုပြီးလေ "

ချောင်ရှောင် : " ................... "

ကောင်းပြီ၊ အမှန်တရားက မုသားစကားထက်စာရင် သူ့ကိုပိုပြီးတောင်အပြစ်ရှိသလိုခံစားသွားရစေပါရောလား!

နှစ်ယောက်သားက သူတို့ရဲ့ထွက်ခွာခွင့်ဖြတ်ပိုင်းတွေကို ကမ်းပေးကာ ကျောင်းဝင်ပေါက်ကနေ ချောချောမွေ့မွေ့ ထွက်လာခဲ့ကြတယ်၊ ချောင်ရှောင်က အနည်းငယ်ဝမ်းနည်းပက်လက်ဖြစ်စွာ၊
" အခုတော့ ငါတို့တွေ ကျောင်းခြံစည်းရိုးကိုကျော်ခွနေတဲ့ လော့ရှောင်းနဲ့ဆုံဖြစ်ကြတော့မှာမဟုတ်ဘူးပဲ "

ဟော့ရှန်က သူ့ကိုကြည့်လာတယ်၊
" မင်းသူ့ကိုတကယ်ကြီးသတိရနေတာလား? "

ချောင်ရှောင်က သူ့ကိုအသံတိတ်ဖျက်ကနဲကြည့်ကာ၊
" မင်းစကားထဲက ချဉ်တူးတူးလေသံကို ငါကြားနေရတယ်၊ လော့ရှောင်းက မင်းသူငယ်ချင်းမဟုတ်ဘူးလား! "

ဟော့ရှန်က ပြီးပြည့်စုံတဲ့အကြောင်းပြချက်ဖြင့် အကျိုးသင့်အကြောင်းသင့်ပြောလာတယ်၊
" အခြေခံအုတ်မြစ်ကို ပျက်ပြားအောင်လုပ်တာနဲ့ပဲအဆုံးသတ်သွားတာ အမြဲတမ်း မင်းရဲ့သူငယ်ချင်းကောင်းတွေပဲ "

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now