အခန်း(၆၁)

7K 1.3K 71
                                    

Unicode

ချင်စုက ဝေ့ကျားယွီ၏‌နောက်ဆက်တွဲသင်ခန်းစာအတွက် သင်ခန်းစာအစီအစဉ်တစ်ခုရေးဆွဲခဲ့ချိန်တွင် ချောင်ရှောင်အတွက်လည်း သင့်တော်သောမေးခွန်းအနည်းငယ်ကိုရွေးချယ်ပေးခဲ့တယ်၊ ချောင်ရှောင်တွင် ဟော့ရှန်ရှိနေသော်လည်း စာလေ့လာခြင်းဆိုသည်က အဟောင်းတွေကိုပြန်လည်သုံးသပ်ပြီး အသစ်တွေကိုသိနားလည်ခြင်းမဟုတ်လား၊ ၎င်းမှာ တစ်ကြိမ်တည်းနှင့်လေ့လာလို့ရသည့်အရာမဟုတ်။

အို့ ... တစ်ကြိမ်တစ်ခါတည်းဖြင့် လေ့လာနိုင်သည့်တစ်စုံတစ်ယောက် အမှန်တကယ်ရှိနေသော်လည်း သူက တစ်သန်းတွင်တစ်ယောက်ခြွင်းချက်ဖြစ်ကာ ကိုးကားချက်တစ်ခုအဖြစ်သုံးရန်မသင့်ပေ။

သိသာထင်ရှားစွာပင် ချောင်ရှောင်မှာ ၎င်းကိုရလိုက်ရသည့်အတွက် ပျော်ရွှင်နေလေတယ်၊ သူက ပြောလိုက်တယ်၊
" ဒီည ညစာစားဖို့ ငါမင်းကိုဖိတ်ပါရစေကွာ! "

လန်မောဝ်(ဆံပြာ)၏ကျူရှင်လခတွေကြောင့် ယခု ချင်စုမှာ သူ့ထက်ပိုချမ်းသာလို့နေပြီ၊ သူက ပြောလာတယ်၊
" မလိုပါဘူး၊ မင်းတို့ကောင်တွေအတွက် ဒီအချက်အလက်တွေကိုငါလုပ်ပေးတော့ ငါ့ဘာသာရပ်တွေအတွက်လည်းအကျိုးရှိတာပေါ့ကွာ "

ကိုင်း၊ ဒါကမှစာတော်သည့်ကျောင်းသားတစ်ယောက်ပဲ! သင်ယူခြင်းကိုမြတ်နိုးသည့်စာတော်သောကျောင်းသားတစ်ယောက်!

ချောင်ရှောင်မှာ သူ့ကို သူ့နှလုံးသား၏အောက်ခြေမှပင် လေးစားအားကျလို့သွားပြီ!

ချင်စုနှင့်ဆိုရင် သူယဉ်ကျေးနေစရာမလိုအပ်ပေ။

ချင်စုက သာမန်မိသားစုတစ်ခုမ‌ှလာခဲ့ခြင်းဖြစ်သော်လည်း ပိုက်ဆံ၏ဆွဲဆောင်မှုအောက်ကျသွားမယ့်သူမဟုတ်ပေ၊ တစ်အောင်စတိုင်းပေါ်တွင် သူနှင့်ဈေးဆစ်နေခြင်းက သူ့မာနကိုသာထိခိုက်သွားစေနိုင်တယ်၊ သူပိုပြီးလိုအပ်နေသည့်အရာမှာ တန်းတူညီမျှဆက်ဆံရေးနှင့် အတန်းဖော်များကြားအပြန်အလှန်ကူညီဖေးမမှုပင်။

ချောင်ရှောင် လုံးဝနားလည်သွားခဲ့ပြီ။

သူတို့စကားပြောနေသည့်အခိုက် နေ့ခင်းနားချိန်အတွက်ခေါင်းလောင်းက မြည်လာလေ၏၊ ချောင်ရှောင် သူ့ဖုန်းကိုတစ်ဖန်ထပ်မစစ်ဆေးခင် အိပ်ရာပေါ်ပြန်တက်သွားလိုက်တယ်။

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now