အခန်း(၉၃)

6.9K 1.3K 71
                                    

Unicode

ချောင်ရှောင်သူ့ကိုစူးစူးဝါးဝါးစိုက်ကြည့်ပေးလိုက်တယ်၊ ဒီကောင်က ရယ်နိုင်သေးတယ်ပေါ့လေ!

စားပွဲအံဆွဲအတွင်းမှာ ဟော့ရှန်ရဲ့ညာလက်က သူ့လက်နဲ့လက်ချင်းယှက်ထားလို့၊ သူ့ဘယ်လက်က စာရွက်ပေါ်မှာစာတစ်ကြောင်းရေးပြလာတယ်၊
" ကိုယ်တို့ထိုင်ခုံဖော်တွေမဟုတ်တော့ရင်ဘယ့်နှယ့်လုပ်မလဲ? "

ချောင်ရှောင်မှာ သူ့ဘယ်ဘက်လက်ကိုသုံးပြီးရေးထားတာတောင် သပ်ရပ်လှတဲ့သူ့လက်ရေးကိုမအံ့ဩဘဲမနေနိုင်ဘူး၊ သူပြန်ပြောလိုက်တယ် "အင်းလေ၊ မင်းကသိပ်ပျော်နေတဲ့ပုံပဲနော်!" ရယ်‌နေနိုင်သေးတာပဲ!

ဟော့ရှန်က ပြန်ရေးတယ်၊
" စိတ်ထဲမှာတော့ စိတ်ညစ်နေတာပါကွာ "

အင်းပါ၊ ဟုတ်ပါတယ်၊ သူ့ပေါက်ပန်းလေးဆယ်စကားကို ချောင်ရှောင်ကယုံပါလိမ့်မယ်၊
" ငါတို့ထိုင်ခုံဖော်တွေမဖြစ်တော့ရင် ပိုကောင်းသွားလောက်မှာပဲ၊ မင်းကို ငါ့လက်ကိုလွှတ်ခိုင်းရတဲ့ဒုက္ခကနေသက်သာသွားတာပေါ့ "

ဟော့ရှန်ကမေးတယ်၊
" တကယ်လား? "

ချောင်ရှောင်တကယ်ပဲမပျော်မရွှင်ဖြစ်နေတယ်၊ သူ့မှာကျောင်းစတက်ဖို့ကို အချိန်အကြာကြီးမျှော်လင့်ထားခဲ့ရတာ၊ မထင်မှတ်ဘဲ ထိုင်ခုံနေရာပြောင်းရတဲ့အဖြစ်ဆိုးနဲ့ရင်ဆိုင်ရလိမ့်မယ်လို့ ဘယ်သူထင်ထားမှာလဲ၊ သူဘယ်လောက်တောင်စိတ်ပျက်လက်ပျက်ဖြစ်နေတယ်ဆိုတာ ကောင်းကောင်းကြီး‌တွေးကြည့်လို့ရတယ်။

" တကယ်! မင်းသာ ငါ့ထိုင်ခုံဖော်အနေနဲ့မရှိရင် ငါအေးအေးချမ်းချမ်းစာလုပ်လို့ရပြီ! "

ဒါပေမဲ့ သူ ဟော့ရှန်ကိုမြင်ရမှာမဟုတ်သလို သူ့အသံကိုလည်းကြားရမှာမဟုတ်၊ သူအိပ်နေတုန်း သူ့အသက်ရှူသံပြေပြေလေးကိုတောင် ကြားရမှာမဟုတ်ပါလားနော်။

ဟော့ရှန်ရေးလို့ပြီးအောင်ပင်မစောင့်ဘဲ ဆရာထောင်က "ဗရုတ်သုတ်ခဖြစ်နေတဲ့မန်ဒရင်းဘဲတွေ"ကို စတင်စာရင်းမှတ်လို့နေချေပြီ၊
" ချောင်ရှောင်၊ လင်ရှောက်ရှောက်နဲ့နေရာလဲလိုက် "

ချောင်ရှောင်မတ်တပ်ရပ်ပြီးပြောလိုက်တယ်၊
" ဟုတ် "

တင်းတင်းဆုပ်ကိုင်ထားကြတဲ့လက်နှစ်စုံမှာ နောက်ဆုံးတော့လွှတ်လိုက်ရ‌ချေပြီ၊ ချောင်ရှောင်မှာ အခုကတည်းက လွမ်းနေသလိုခံစားနေရတယ်၊ ဟော့ရှန်ကိုမကြည့်ရဲဘဲ သူ့ပစ္စည်းတွေကိုထုပ်ပိုးရန် သူ့ခေါင်းကိုရိုးရိုးတန်းတန်း‌ငုံ့ထားခဲ့တယ် ...

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now