Unicode
အမှန်တော့ ချောင်ရှောင် ဘာတံတွေးမှမထွေးမိလိုက်ဘူး၊ သူ့အထင်အမြင်သေးခြင်းကို ရှင်းရှင်းလင်းလင်းဖော်ပြရန်သာ ထိုကြွပ်ဆက်ဆက်အသံကျယ်ကို သူကသုံးလိုက်ရုံဖြစ်တယ်။
နားကပ်ဝတ်လူက သူအရမ်းသတ္တိရှိလိမ့်မယ်လို့ မျှော်လင့်မထားပေ၊ သူက အရှက်ခွဲခံရခြင်းကြောင့် ဒေါသနှင့်ပေါက်ကွဲလေ၏၊
" ယီးလိုမှပဲ သေလမ်းရှာနေတာလားကွ! "ထို့နောက် လက်သီးတစ်လုံးက ချောင်ရှောင်မျက်နှာဆီ ရုတ်ခြည်းပင် တစ်ဟုန်ထိုးတိုက်ခိုက်လို့လာတယ်။
ဝေ့ကျားယွီမှာ စိတ်တင်းထားရသောကြောင့် အလွန်စိတ်လှုပ်ရှားနေကာ၊
" ရမ်ခေါ့၊ သူ့ကိုမရိုက်နဲ့! ငါတို့တစ်ယောက်နဲ့တစ်ယောက်မရင်းနှီးဘူးကွ၊ မင်း... "သူ့မှာ စကားပြောလို့ပင်မပြီးသေး၊ မမျှော်လင့်ဘဲ ရမ်ခေါ့၏ကြောက်လန့်ဖွယ်ဟစ်အော်သံအကျယ်ကြီးကြောင့် ဖြတ်တောက်ခံလိုက်ရတယ်။
မျက်မှောက်မြင်ကွင်း၌ အခြားလူတွေလည်း အံ့ဩတုန်လှုပ်ကုန်ကြတယ်။
ချောင်ရှောင်က နားကပ်ဝတ်လူ၏လက်ကိုခါထုတ်ကာ ဝေ့ကျားယွီကိုဆွဲခေါ်သွားတော့၏၊
" အဲဒီ့မှာ ကြောင်တောင်တောင်နဲ့ဘာရပ်လုပ်နေတာလဲ! အမြန်ပြေးလေ! "ဝေ့ကျားယွီမှာ တုံ့ပြန်တာ အနည်းငယ်နောက်ကျသွားတယ်၊ သူ့မှာ လုံးဝကိုတအံ့တဩဖြစ်နေတာ၊
" မင်း... "သည်ဆင်းရဲသားတစ္ဆေလေးက အရမ်းရက်စက်ကြမ်းကြုတ်တာပဲ!
အခုလေးပဲ လူတိုင်းထင်ခဲ့တာက သူ့ခြေထောက်များလွတ်သည်အထိ အချီခံထားရသည့်ကလေးတော့ မညှာမတာအရိုက်ခံရပြီဟု၊ နားကြပ်ဝတ်လူသာ ထိုကလေး၏မျက်နှာကိုလက်သီးနှင့်တကယ်ထိုးရင် သူ့မျက်နှာတစ်ဝက်လောက်က ဖူးယောင်သွားမှာ၊ ဘယ်သူမှမထင်ခဲ့တာက ချောင်ရှောင်က သူ့ခေါင်းကိုငုံ့ရှောင်လိုက်ကာ တစ်ချိန်တည်းတွင် လူကြီး၏တံတောင်ကိုခပ်ပြင်းပြင်းရိုက်ရန် သူ့လက်နှစ်ဖက်လုံးကိုသုံးလိမ့်မယ်လို့၊ ထိုအပိုင်းက စိုးရိမ်ကြောင့်ကြစိတ်တွေအများကြီးကြောင့် သိပ်ရှောရှောရှူရှူမရှိလှဘူး၊ ဒါ့အပြင် နားကပ်ဝတ်လူက ချောင်ရှောင်၏ကော်လာကို ဆုပ်ကိုင်ထားဆဲဖြစ်နေတယ်၊ ဒီလိုရိုက်ချက်တစ်ခုအပေးခံလိုက်ရတော့ သူက သူ့လက်မောင်းမှခွန်အားတွေအားလုံးကို ချက်ချင်းဆုံးရှုံးသွားတယ်။
![](https://img.wattpad.com/cover/270335748-288-k94209.jpg)
YOU ARE READING
ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]
Teen Fiction◆ Title - My Underachieving Seatmate Doesn't Need Any Comforting ◆ Author - Long Qi《龙柒》 ◆ Total Chapters - 122 ◆ Genre - Comedy , Modern , Fluffy , School , Drama ◆ English Translator - Sleepy Little Mushrooms ◆ Myanmar Translator - Pandora_oo All c...