အခန်း(၉၈)

6.7K 1.4K 77
                                    

Unicode

ကျောက်ဖူယွိက ဒီလိုခန်းမရဲ့ထောင့်စွန်းနားဝန်းကျင်မှာ ဘယ်သူမှမရှိဘူးလို့ယူဆထားတဲ့အတွက် ကျီစားရဲခြင်းဖြစ်တယ်၊ တစ်ယောက်ယောက်က သူတို့ကိုတွေ့သွားတာနဲ့ သူက ချက်ချင်းလွှတ်ပေးလိုက်တယ်။

ချောင်ရှောင် လှည့်ကြည့်လိုက်တာနဲ့ ဟော့ရှန်ကိုတွေ့လိုက်ရတယ်၊ ဒီအခိုက်အတန့်မှာ စကားလုံးလေးလုံးပဲ သူ့ခေါင်းထဲပေါ်လာခဲ့တယ် — အိပ်ရာထဲလက်ပူးလက်ကြပ်ဖမ်းမိခြင်း။

အား၊ ဖွီ! ဘယ်လိုကမောက်ကမအခြေအနေကြီးတုန်း!

ချောင်ရှောင် သူနဲ့ကျောက်ဖူယွိကြား နေရာတချို့ခြားထားလိုက်တယ်၊
" ဘာမှမဟုတ်ပါဘူး "

ကျောက်ဖူယွိက ပေါတောတောနဲ့ ရယ်တယ်၊
" အချင်းချင်းတွေ့ရတာ နဲနဲစိတ်လှုပ်ရှားလွန်းသွားတဲ့ သူငယ်ချင်းဟောင်းနှစ်ယောက်ပါပဲ "

ဟော့ရှန်က ကျောက်ဖူယွိကိုစိုက်ကြည့်နေစဉ်မှာ တည်ငြိမ်ပြီး ဣန္ဒြေရနေတုန်းပါပဲ၊
" မင်းတို့က တကယ့်ကိုဆက်‌ဆံရေးကောင်းတာပဲ "

ချောင်ရှောင် တစ်ခုခုပြန်ပြောမှာကိုပင်မစောင့်ဘဲ ကျောက်ဖူယွိက ပြောလိုက်တယ်၊
" ဟုတ်တာပေါ့! ကျွန်တော်တို့က ဘောင်းဘီတစ်ထည်ကိုအတူမျှဝတ်ကြတ‌ဲ့ညီအစ်ကိုတွေပဲလေ "

ချောင်ရှောင် သူ့ကိုလှမ်းရိုက်ပြီး ပြောလိုက်တယ်၊
" ဘယ်သူက မင်းနဲ့ဘောင်းဘီမျှဝတ်လို့တုန်း! "

ကျောက်ဖူယွိက ပြန်ပြောတယ်၊
" မင်းဒီအ‌ကြောင်းမေ့သွားပြီလား၊ ငါတို့အတူတူရေတောင်ချိုးဖူးတယ်လေ... "

ချောင်ရှောင် ဆွဲမိဆွဲရာ လှမ်းဆွဲပြီး သူ့ပါးစပ်ထဲထိုးထည့်ပေးလိုက်တယ်၊
" ဗိုက်ဆာနေလား? တစ်ခုခုစားလိုက်! "
ကျောက်ဖူယွိရေ၊ မင်းပြောလိုက်တဲ့စကားက မင်းကိုအသေသတ်ပစ်နိုင်တယ်ဟ!

ကျောက်ဖူယွိက အော်ဟစ်ပြီး ပြောလာတယ်၊
" လခွမ်းပဲ၊ ဝီစီလေး၊ မင်းငါ့ကိုသတ်တော့မလို့လား၊ လောင်ဇီက မြေပဲနဲ့ဓာတ်မတည့်ဘူးကွ! "

[T/N: ကျောက်ဖူယွိက ချောင်ရှောင်ကိုခေါ်တဲ့နာမည်ပြောင်ပါ၊ ဝီစီက တရုတ်လို 'ရှောက်ကျစ်' လို့ခေါ်ပါသတဲ့]

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now