အခန်း(၂၁)

7.6K 1.5K 23
                                    

Unicode

'တောင်းပန်' ဆိုသည့်စကားလုံးကိုကြားတော့ ကျောက်ဟောက်ယွမ်က ပျာယာခတ်လာပြီး ပြောလာတယ်၊
" ငါက ဘာလို့တောင်းပန်ရမှာလဲ၊ အဲ့ဒါတွေအားလုံးအတွက် ငါ့ကိုပဲအပြစ်တင်ရမှာမဟုတ်ဘူး၊ ချင်စုသာ အမှိုက်ကိုသွားမကောက်ယူခဲ့ရင် သူက အထင်ခံရမှာမဟုတ်ဘူး အဲ့ဒီလို... "

သူက 'သူခိုး' ဆိုတဲ့စကားလုံးကိုမပြောနိုင်သေးခင် ချောင်ရှောင်က သူ့ကိုဖြတ်ပြောလိုက်လေ၏၊
" လုံလောက်ပြီ! "

အစကနေ အဆုံးအထိ ချင်စုက ဘာမှားတာကိုမှမလုပ်ခဲ့ဘူး။

--အမှိုက်ပုံးထဲကနေ ဘယ်သူမှမလိုချင်တဲ့တစ်စုံတစ်ခုကို ကောက်ယူမိတာ မှားတာလား၊ ဆိုးဝါးတဲ့မိသားစုအခြေအနေတစ်ခုရှိတာက အမှားတစ်ခုလား။

သူက ရှောင်ကြဉ်ခံရတာ‌တောင်မလုံလောက်သေးဘူးလား၊ ဒီလောက်ထိ သူ့ကိုအရှက်တကွဲဖြစ်စေရမှလားလို့!

ချောင်ရှောင်က သူ့ကိုငေါက်ငမ်းလျက်မေးလိုက်တယ်၊
" သူများတွေမလိုချင်တဲ့တစ်စုံတစ်ခုကို ကောက်ယူမိတာနဲ့ အခြားတစ်စုံတစ်ယောက်ရဲ့ပစ္စည်းတွေကို ခိုးတာက တူလို့လား! "

ကျောက်ဟောက်ယွမ်ဟာ ငြင်းခုံခြင်းမပြုနိုင်တော့ဘဲ ကျန်ရှိနေလေရဲ့။

ချောင်ရှောင်ရဲ့စကားလုံးတိုင်းက သူ့စိတ်ကို ဓားနဲ့ထိုးစိုက်နေသလိုပင်၊
" မင်း ရှီဖေးဖန်ရဲ့ကျောင်းလွယ်အိတ်ကို ဘာလို့လွှင့်ပစ်လဲတော့ ငါမသိဘူး၊ ဒါပေမယ့် မင်းက ချင်စုကိုတော့ ကြီးကြီးမားမားထိခိုက်နစ်နာစေတယ်လေ၊ သူတို့က အဖြစ်အပျက်ကို သေချာပေါက်နားလည်မှုလွဲသွားတယ်ဆိုတာ မင်းသိတယ်၊ ချင်စုက ဘာတစ်ခုမှမခိုးခဲ့ဘူးဆိုတာလည်း မင်းသိတယ်၊ သူရိုးသားတယ်ဆိုတာ မင်းသိပေမယ့်လည်း မင်းက ရှေ့ထွက်ရပ်ပြီး စကားလုံးတစ်လုံးမှမပြောရဲခဲ့ဘူး၊ ဘာလို့လဲဆိုတော့ မင်းက မင်းကိုယ်မင်း မငြိစွန်းစေချင်လို့လေ! "

ကျောက်ဟောက်ယွမ်ရဲ့မျက်နှာထားမှာ ပိုပြီးအရုပ်ဆိုးလို့လာတော့တယ်၊ ဟိုးအချိန်အကြာကြီးကတည်းက သူ့နှလုံးသားထဲမှာ ဖိနှိပ်ဖို့သူ ကြိုးစားခဲ့ရတဲ့အရာရာတိုင်းက ရုတ်ခြည်းပင် အားလုံးပွင့်ထွက်လို့လာတယ်။

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now