အခန်း(၉၁)

6.7K 1.2K 72
                                    

Unicode

ရှဲ့မိသားစုရဲ့အိမ်ကိုသွားဖို့လား?

ချောင်ရှောင်ပြောလိုက်တယ်၊
" ကျွန်တော့်ကို ကျွန်တော့်မှတ်ဉာဏ်ထဲက နေရာဆီနောက်တစ်ခါသွားကြည့်စေချင်တာလား "

ကျောင်းကွမ်ထင်ကပြောတယ်၊
" ဟုတ်တယ်၊ အဲ့ဒါက ဆက်စပ်နေတဲ့နောက်ထပ်မှတ်ဉာဏ်တွေကို လှုံ့ဆော်ပေးကောင်းပေးနိုင်လိမ့်မယ် "

ဒါမခက်လောက်ဘူးပဲ၊ ချောင်ရှောင်ပြောလိုက်တယ်၊
" ကျွန်တော်အိမ်ပြန်ပြီး ကျွန်တော့်အဖေနဲ့ပြောကြည့်ပါဦးမယ် "

ချောင်မိသားစုနဲ့ရှဲ့မိသားစုက တစ်ယောက်အိမ်ကိုတစ်ယောက်သွားလည်ပတ်လေ့မရှိပေမယ့် သူတို့မိသားစုနှစ်စုလုံးက S မြို့မှာ ပမာဏနှိုင်းယှဉ်လို့ရတဲ့စီးပွားရေးလုပ်ငန်း‌တွေကို စီမံခန့်ခွဲနေကြပြီး ကဏ္ဍတချို့မှာ ပူးပေါင်းဆောင်ရွက်တဲ့အလုပ်တွေရှိကြသည်က ရှောင်လွှဲလို့မရပေ။

ကျောင်းကွမ်ထင်ကပြောလာတယ်၊
" မင်းမှတ်ဉာဏ်ထဲမှာပေါ်လာတဲ့နေရာတွေကို လျှောက်ပတ်ကြည့်၊ ဖြစ်ပျက်ခဲ့တာကိုပြန်ပြီးဖန်တီးတာထက်စာရင် အဲ့ဒါကပိုပြီးတောင်ထိရောက်လိမ့်မယ် "

ချောင်ရှောင်ကပြောတယ်၊
" ကျွန်တော်နားလည်ပြီ၊ ကျေးဇူးပါ၊ ဒေါက်တာကျောင်း "

ဖုန်းမချခင်မှာ ကျောင်းကွမ်ထင်က အတော်လေးရုတ်ခြည်းဆန်စွာမေးလာတယ်၊
" မင်းတို့နှစ်ယောက်အခုတွဲနေကြပြီလား "

ချောင်ရှောင်ရဲ့မျက်နှာလေး ပူလာပြီး တိုးတိုးလေးပြန်ဖြေလိုက်တယ်၊
" အင်း ... "

ကျောင်းကွမ်ထင်က နွေးထွေးစွာ ပြောလာတယ်၊
" ကောင်းတာပေါ့၊ အချစ်မှာ အင်မတန်အာ‌းကောင်းတဲ့စိတ်စွမ်းအားတွေရှိတယ် "

ချောင်ရှောင်အားတက်သရောခေါင်းညိတ်ပြီး၊
" ဟုတ်တယ်၊ သူက ကျွန်တော့်ကိုသတ္တိတွေပေးတယ်! "

ဟော့ရှန် သူ့ကိုပေးခဲ့တဲ့သတ္တိတွေက အတိတ်ကိုရင်ဆိုင်နိုင်ရုံသာမက ပစ္စုပ္ပန်ကိုပါမြင်နိုင်စေတယ်။

သာ့ချောင်ကိုမြင်ခဲ့တဲ့အတွက် နောက်ဆုံးမှာ သူ ဒီခြေလှမ်းကိုရှေ့သို့လှမ်းနိုင်ခဲ့တယ်။

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now