အခန်း(၃၈)

7.6K 1.4K 239
                                    

Unicode

ချောင်ရှောင်လည်း အံ့ဩလွန်းကာ စကားပင်မပြောနိုင်သေး။

သူ မှတ်စုစာအုပ်ကို စက်ရုပ်ကဲ့သို့လှုပ်ရှားမှုဖြင့် လှန်လှောကြည့်ကာ ပါဝင်သည့်အကြောင်းအရာကြောင့် လုံးဝထိတ်လန့်တုန်လှုပ်နေလေ၏။

အကြမ်းဖျင်းတစ်ချက်ကြည့်ရုံနှင့် သူ၏တစ်ခုတည်းသောထင်မြင်ချက်ကတော့ လက်ရေးဟာ တကယ်ကိုဩဇာပြည့်လျှမ်းကာ အားမာန်ပါလှတယ်၊ စာလုံးတွေကို သပ်ရပ်စွာ ပုံနှိပ်စာလုံးများကဲ့သို့ရေးထားခြင်းမဟုတ်သော်လည်း လွတ်လပ်ပြီး အချုပ်အချယ်ကင်းသည့် ၎င်း၏ကိုယ်ပိုင်ဟန်ကို သယ်ဆောင်ထားတယ်၊ ထိုသို့ဆိုရင်တောင်မှ စကားလုံးတိုင်းဟာ ရှင်းလင်းပြတ်သားကာ နားလည်နိုင်တယ်၊ အဲ့ဒါက ကြက်ကလေး ယက်ပြီးအစာရှာသလို သော့ရေးထားခြင်းလုံးဝမဟုတ်။

တစ်ချက်ကြည့်ရုံနှင့် ပိုပြီးသိသာထင်ရှားသည့်အရာကတော့ အကြောင်းအရာတွေကို ဘယ်လိုပုံစံချထားသလဲဆိုတာပါပဲ၊ ဗဟုသုတအချက်တစ်ချက်စီတိုင်းကို ပုံတွေမျဉ်းကြောင်းတွေဖြင့် ဖြန့်ကျက်ကာစုစည်းထားခြင်း(mind map)၊ ဒါက တကယ့်ကို မှတ်မိရန် အရမ်းလွယ်ကူတယ်!

ချောင်ရှောင် စာမျက်နှာတွေကို အရှေ့မှအနောက်သို့ လှန်လှောကြည့်နေကာ သူ့ပါးစပ်မှာဟောင်းလောင်းနှင့် ဘဲဥတစ်လုံးဝင်ဆံ့နိုင်ရန်ပင် လုံလောက်အောင်ပြဲကားလို့။

ဟော့ရှန်က ပြောလာ၏၊
" အချိန်မလောက်လို့ ဒါက အပိုင်းတစ်ပိုင်းပဲရှိတယ် "

အမှန်တော့ ပထမနှစ်သင်ခန်းစာတွေ၏နယ်ပယ်မှာ ထင်သလောက်မကျယ်ပြန့်ပေ၊ ဒါပေသိ သူက ဗဟုသုတအချက်တွေအားလုံးကို ရွေးထုတ်ပေးထားခြင်းမဟုတ်၊ ဥပမာတွေနဲ့ မှားဖို့လွယ်သည့်အချက်တွေကိုသာ ချရေး‌ပေးထားခြင်း။

ချောင်ရှောင်က သူ့ကိုကြည့်ကာ တံတွေးမျိုချလိုက်မိတယ်၊
" မင်း ဒါကို ငါ့ကိုပေးတာလား... "

ဒါက အိမ်မက်တစ်ခုလိုပဲ၊ သူ့အတွက်သာဆိုရင် ဒါက သူ့ဘဝမှာ သူရခဲ့ဖူးသမျှထဲတွင် အထူးခြားဆုံးလက်ဆောင်ပင် ဖြစ်ကောင်းဖြစ်နိုင်တယ်။

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now