အခန်း(၁၉)

8.1K 1.5K 26
                                    

Unicode

ချောင်ရှောင်ဟာ စာဖတ်လို့ပြီးတော့ သူ့မျက်လုံးတွေကို တစ်ဝက်ဖွင့်ကာ သူ့ခုံစောင်းပေါ် လှဲနေသည့်ဟော့ရှန်ကို တွေ့လိုက်ရတယ်။

နှစ်ယောက်ဟာ အကြည့်ချင်းဆုံနေခိုက် ဟော့ရှန်ဟာ သူ့ဘယ်ဖက်မျက်လုံးကို မှိတ်ပြလေရဲ့။

ချောင်ရှောင်ဟာ တွေးမိတယ်၊ နေ့ခင်းကြောင်တောင်ကြီး အိပ်နေတာတောင်မှ မင်းမှာ မျက်စိတစ်ဖက်မှိတ်ပြဖို့ သတ္တိရှိနေသေးတယ်၊ ငါသာ ဆရာဆိုရင် မင်းကို သေချာပေါက် ပန်ဒါမျက်လုံးတွေပေးပစ်မယ်!

စင်မြင့်ပေါ်မှ အင်္ဂလိပ်ဆရာမှာ ယခုပင် ချောင်ရှောင်ကို သူ့ရွတ်ဆိုသံဟာ ပြေပြစ်ညက်ညောကာ သူ့အသံထွက်ဟာလည်း နှုတ်ရေးကောင်းကြောင်းပြောလျက် ချီးကျူးနေသည်ပင်၊ သူဟာ သူ့ကိုယ်ပိုင်အချိန်တော်တော်များများကို လေ့ကျင့်ရင်းဖြင့်သာ ကုန်ဆုံးသည့်ပုံရပြီး လူတိုင်းကိုလည်း သူ့နမူနာအတိုင်း လိုက်လုပ်ဖို့ ဆရာက မျှော်လင့်နေလေရဲ့။

ထိုချီးမွမ်းခြင်းတွေကို ကြားတော့ ချောင်ရှောင်မှာ ရှက်ရွံ့လာသလိုလို၊ သူ့မှာ ခေါင်းကိုမသိမသာငုံ့ကာ ခုံစောင်းပေါ်မှ ပစ္စည်းတွေနဲ့သာ ဟိုရွေ့သည်ရွေ့ကစားနေလိုက်တယ်။

ထို့နောက် ဆရာဟာ ရုတ်ခြည်းလှမ်းခေါ်လေ၏၊
" ဟော့ရှန် "

သူဟာ သူ့မျက်လုံးတွေကို မျက်နှာထားတင်းတင်းဖြင့် ပိတ်သွားလေရဲ့။

ချောင်ရှောင် : " ... "

ဆရာဟာ ထပ်ခေါ်လေ၏၊
" ဟော့ရှန်? "

ချောင်ရှောင်မှာ ဆရာကို တကယ်ပဲပြောချင်လှတယ်၊
' ဆရာ‌ရေ၊ သူ့ကိုခေါ်နေလည်း အသုံးမဝင်ဘူး၊ လာပြီးသာ သူ့ကိုရိုက်နှိုးလှည့်ပါ! '

သို့သော်လည်း ဆရာမှာ အပေးအယူလုပ်ခြင်းကိုလက်ခံလိုက်လေတယ်၊ သူဟာ နာမည်ကိုဘယ်တုန်းကမှ လှမ်းမခေါ်ခဲ့သလိုပင် ဆရာဟာ အခြားသူတွေဘက်လှည့်ကာ ပြောလေတယ်၊
" နောက်စာပိုဒ်က လူတွေ့မေးမြန်းခြင်းတစ်ခုအကြောင်းပဲ၊ ကျောင်းသားနှစ်ယောက်က ပူးပေါင်းဆောင်ရွက်ရမယ်၊ ဘယ်ကျောင်းသားနှစ်ယောက်က သည်စာပိုဒ်ကို ကြိုးစားကြည့်ချင်လဲ "

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now