အခန်း(၃၁)

7.2K 1.4K 110
                                    

Unicode

သူတို့၏ထိုင်ခုံအစီအစဉ်တွေမှာ အတော်စိတ်ဝင်စရာကောင်းသလို ရယ်စရာလည်းကောင်းလှတယ်။

ဟော့ရှန်နှင့်ချောင်ရှောင်မှာ ပြတင်းပေါက်၏ဘေးတွင်ရှိကာ ဟော့ရှန်က အရှေ့ကဖြစ်ပြီး ချောင်ရှောင်ကတော့ သူ့နောက်က၊ လော့ရှောင်းဟာလည်း အရှေ့တန်းတွင်ဖြစ်ကာ ဟော့ရှန်၏ညာဘက်၌၊ ဆံပြာက လော့ရှောင်း၏နောက် ချောင်ရှောင်၏ဘေးတွင်ဖြစ်ကာ စုန့်ရိရှီမှာလည်း လော့ရှောင်း၏ညာဘက်နှင့် အရှေ့တန်းတွင်ပင်ဖြစ်တယ်။

အကြမ်းဖျင်းအားဖြင့် စုန့်ရိရှီဟာ အရှေ့တန်း၏အလယ်မှာ နေရာချခံထားရသည့်အတွက် သူ့မှာအဆိုးဆုံးဖြစ်လို့နေတယ်၊ သူဟာ စာသင်ခန်းထဲဝင်လိုက်တာနဲ့ သူ၏မကျေနပ်ချက်ကြီးကို စတင်အော်ပါတော့တယ်၊
" အို့...လုပ်ပြီ! ငါအလယ်နေရာကို မလိုချင်ဘူးဟ! "

ကံမကောင်းစွာဖြင့် သူကြိုက်ကြိုက် မကြိုက်ကြိုက် ထိုင်ခုံနေရာတွေကို စီစဉ်ပြီးနေပြီ။

ချောင်ရှောင်ကတော့ သည်နေရာအစီအစဉ်မှာ အမှန်ပင်အတော့်ကို အံ့ဖွယ်ဖြစ်တယ်လို့ခံစားရတယ်။

အထင်အရှားကိုပဲ မရိုးဖြောင့်သည့်လူစုကို အရှေ့ဘက်မှာ နေရာချထားပြီး တော်တော်လေးတည်ငြိမ်သည့်သူတွေကိုတော့ အနောက်ဘက်၌ နေရာချလို့ထားသည်လေ။

နောက်ဆုံးစာသင်ခန်းက ငပျင်း‌တွေနဲ့ချည်း ပြည့်နေသော်လည်း ငပျင်းအားလုံးက မတူကြပေ၊ သူတို့ကို ဗုဒ္ဓဘာသာဝင်ဂိုဏ်းနှင့် တာအိုဘာသာဝင်ဂိုဏ်းအဖြစ် ခွဲခြားနိုင်ကြတယ်လေ။

အရှေ့ဘက်မှာ နေရာချထားခံရသည့် တာအိုဘာသာဝင်ဂိုဏ်းကို လော့ရှောင်းက ဦးဆောင်လေတယ်၊ ထိုတစ်ဝက်ကန်းနေသည့်အာဏာရှင်ခေါင်းဆောင်ကြီးက တာအိုဘာသာဝင်တို့၏ထင်ရှားသည့်အမူအကျင့်‌ေတွကို အတိုချုံးပြီး အမှန်အတိုင်း အကောင်းဆုံးသရုပ်ဖော်ပြနေသည်ကတော့ -
" ဘာပဲဖြစ်ဖြစ်! လစ်လိုက်! ငါ့ကိုနှောင့်ယှက်နေတာရပ်လိုက်! "

အနောက်တန်းတွေမှာရှိသည့် ဗုဒ္ဓဘာသာဝင်ငပျင်းဂိုဏ်းအတွက်ကတော့ သူတို့ဟာ အများကြီးသိမ်မွေ့ကြတယ်၊ သူတို့၏မျက်နှာထားတွေက သူတို့မှာ အသက်ရှင်ရပ်တည်ဖို့ ဘာမှမကျန်တော့ဟု ပြောနေသည့်ပုံ - " စာမေးပွဲက ဘယ်လောက်ပဲဆိုးဝါးပါစေ၊ ကိစ္စမရှိဘူး၊ ငါက အတန်းထဲမှာ နောက်ဆုံးဖြစ်နေရင်တောင်မှ အားလုံးကောင်းပါတယ် "

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now