အခန်း(၁၅)

8.6K 1.6K 164
                                    

Unicode

တစ်ခဏကြာပြီးနောက် ချောင်ရှောင်ဟာ တံခါးကိုဖွင့်ပြီး ဆွံ့အနေတဲ့အမူအရာနဲ့ ဟော့ရှန်ကိုကြည့်လိုက်တယ်၊
" မင်း အခုလေးတင် ကျောင်းလူဆိုးအတွက် ကျင်းတူးပေးလိုက်တာ၊ သူ မင်းကိုမညှာမတာရိုက်လောက်လား "

ဟော့ရှန် : " သူ ငါ့ကိုမရိုက်နိုင်ပါဘူး "

-သေလုအောင်! နားလည်လား! သူ မင်းကိုသေလုအောင်ပဲမရိုက်နိုင်တာ!

သည်တိုတောင်းလှတဲ့နှစ်ရက်မှာ၊ ချောင်ရှောင်ဟာ သူ့ရဲ့ကျိုးကြောင်းမြင်နိုင်တော့တဲ့ ကိုယ့်ကိုယ်ကိုယုံကြည်ချက်ကြီးကို ကျင့်သားရလာပြီဖြစ်တယ်။

ချင်စုက သူတို့အခန်းထဲမှာ ခဏလောက်နေချင်သေးတယ်။

ချောင်ရှောင်က ကျောင်းစားသောက်ဆိုင်ကိုသွားတော့မှာမို့ သူက ချင်စုကိုမေးလိုက်တယ်၊
" ငါ့ကို မင်းအတွက်တစ်ခုခုယူလာစေချင်လား "

‌ချင်စုက သူ့ခေါင်းကိုခါယမ်းကာ၊
" ငါ နောက်မှတစ်ခုခုစားဖို့ သွားလိုက်မယ် "

ချောင်ရှောင် : " ဒါဆို ငါ မင်းကိုစောင့်နေမယ်လေ "

" မစောင့်နဲ့တော့၊ အတော်နောက်ကျနေပြီ၊ မင်းအရင်သွားနှင့် "

ချောင်ရှောင်လည်း အဲ့ဒါကိုတွေးမိပြီး ဟော့ရှန်နဲ့ထွက်သွားဖို့ ဆုံးဖြတ်လိုက်တယ်။

တစ်ခုရှိတာက သူ့ခြေထောက်က ဒဏ်ရာရနေပြီး လှုပ်ရှားဖို့က မလွယ်ကူသေးဘူး၊ သူ အင်အားကြီးချိုင်းထောက်တစ်ခုလိုနေတယ်၊ နောက်တစ်ခုက ချင်စုက သူ့ခံစားချက်တွေကို ဖြေရှင်းဖို့အချိန်အချို့လို‌‌အပ်တယ်လို့ သူခံစားရတယ်၊ ထိုကဲ့သို့ ငိုပြီးတဲ့နောက် သူ့နှလုံးသားထဲမှ စိတ်အားငယ်ခြင်းက ရှင်းလင်းသွားသော်လည်း သူ့မျက်လုံးများကတော့ ဖူးရောင်နေတယ်လေ၊ သူ ဒီလိုသူတို့အခန်းမှာ ကျန်နေခဲ့ချင်တာ နားလည်နိုင်ပါတယ်လေ။

ချောင်ရှောင် သူ့ကိုပြောလိုက်တယ်၊
" ဒါဆိုလည်း ငါအရင်သွားစားနှင့်မယ် "

‌ချင်စုက သူ့ကိုရှားရှားပါးပါးအပြုံးတစ်ခုပေးလေတယ်၊
" သွား "

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now