အခန်း(၈၇)

7.2K 1.3K 78
                                    

Unicode

ချောင်ရှောင်ပြောစရာစကားပျောက်ရှသွားတယ်၊ အဲ့ဒီနောက် သူပြောလိုက်တယ်၊
" မေ့လိုက်တော့၊ ငါ့နောက်ဘဝမှာတောင် အဲ့လိုဖြစ်ဖို့အခွင့်အရေးမရှိဘူး "

ဟော့ရှန် : " ကိုယ့်ကိုယ်ကိုလျှော့မတွက်ပါနဲ့ကွာ "

ချောင်ရှောင် : " ဟုတ်ပါတယ်၊ ဒါပေမဲ့ငါ့မှာကိုယ်ပိုင်အသိစိတ်မရှိဘဲမနေနိုင်ဘူး "

ဟော့ရှန်ကရယ်တယ်၊
" ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိပါကွာ၊ မင်းကထူးချွန်ပါတယ် "

ချောင်ရှောင်အတော်လေးငြိမ်သက်သွားတယ်၊
" မင်းပဲအဲ့လိုတွေးတာပါ "

ဟော့ရှန်စကားပြောခါနီးမှာ ချောင်ရှောင်ရဲ့နှုတ်ခမ်းပါးတွေအပြုံးတစ်ပွင့်အဖြစ်ကွေးညွတ်သွားပြီး သူပြောလိုက်တယ်၊
" အဆင်ပြေပါတယ် "

ဟော့ရှန်ကသူ့ကိုကြည့်လာတယ်၊
" ဟမ်? "
တစ်ခုခုကိုသူနားမလည်ဘူးဆိုတာ ခပ်ရှားရှားရယ်။

ချောင်ရှောင်ရဲ့မျက်တောင်လေးတွေလှုပ်ခတ်သွားတယ်၊ သူရှက်ရွံ့မိပေမယ့် ပြောလိုက်တယ်၊
" ငါပြောချင်တာ ... အဲ၊ မင်းပဲဆို လုံလောက်နေပါပြီ "

ဟော့ရှန်ရဲ့မျက်လုံးတွေ ရုတ်ခြည်းမီးတောက်များနဲ့တောက်လောင်သွားတယ်။

သူပြောလိုက်တဲ့စကားက ဒွိဟဖြစ်သွားစေတယ်လို့ ချောင်ရှောင်ခံစားရကာ အမြန်ရှင်းပြလိုက်တယ်၊
" ငါပြောချင်တာ မင်းပဲငါထူးချွန်တယ်လို့တွေးရင် ကောင်းကောင်းလုံလောက်ပါပြီလို့၊ သူများတွေဘာတွေးတွေး ငါဂရုမစိုက်ဘူး ... "

ဒီရှင်းပြချက်ကမှ ဘာလို့ပိုကောင်းတဲ့ပုံပေါ်မနေတာပါလိမ့်!

ချောင်ရှောင်မော့ကြည့်ပြီး ဟော့ရှန်ရဲ့မျက်လုံးတွေကိုကြည့်လိုက်တဲ့အခါ အံ့ဩသွားရတယ်။

တောင်ခြေမှာ စူးရှတောက်ပတဲ့နေရောင်ခြည်က သူတို့နှစ်ယောက်ကိုလုံးဝအလင်းရောင်ပေးနေတယ်။

ဟော့ရှန်က ချောင်ရှောင်ရဲ့နှလုံးသားကိုမြင်သွားတယ်။

ချောင်ရှောင်လည်း သူ့နှလုံးသားကိုမြင်သွားတယ်။

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now