အခန်း(၂၀)

7.8K 1.5K 34
                                    

Unicode

အမှန်တကယ်တော့ ချောင်ရှောင်ဟာ ပိုင်ရှင်က ဘယ်သူလဲဆိုတာ မသိပေ၊ သူ့ပုံပန်းသွင်ပြင်ကို အသာထားဦး၊ ချင်စုက သူ့နာမည်ကိုတောင်မှ သူ့ကိုပြောပြဖို့ ငြင်းဆိုနေသည်လေ၊ ချောင်ရှောင်မှာ အခြားဘယ်သူ့ကိုမှလည်း မမေးနိုင်ဖြစ်နေလေရဲ့။

သူ ကျောင်းလွယ်အိတ်ကို လွှင့်ပစ်ခဲ့တဲ့လူက ပိုင်ရှင်မဟုတ်ဘူးလို့ အကဲဖြတ်ရသည့်အကြောင်းရင်းကတော့ ကောင်လေးက ကျောင်းလွယ်အိတ်ထဲမှ ပုံနှိပ်စာအုပ်တွေကိုလည်း အနီးအနားရှိချုံပုတ်ထဲသို့ လွှင့်ပစ်ခဲ့သည်လေ၊ အကယ်၍ ပိုင်ရှင်က ကျောင်းလွယ်အိတ်ကို သူကိုယ်တိုင်သာလွှင့်ပစ်ခဲ့ရင် ဘယ်လိုလုပ်သူ့ကိုယ်ပိုင်စာအုပ်ကိုလည်း ဒီလိုလွှင့်ပစ်နိုင်မှာလဲ၊ အဲ့ဒါကြောင့် ချောင်ရှောင်ဟာ စောင့်ကြည့်မှတ်တမ်းဗီဒီယိုထဲမှာ ဖမ်းမိတဲ့ကောင်လေးက ပိုင်ရှင်မဟုတ်ဘဲ အခြားတစ်ယောက်လို့ ခန့်မှန်းမိခြင်းဖြစ်တယ်။

ကျောင်းလွယ်အိတ်ကို မနက်ပိုင်းမှာ လွှင့်ပစ်ခဲ့တယ်၊ နေ့ခင်းပိုင်းမှာတော့ ချင်စုက အမှိုက်သွားသွန်ပြီး အဲဒီ့မှာ သူက အမှိုက်ပုံးထဲမှ ကျောင်းလွယ်အိတ်ကို တွေ့သွားခြင်းဖြစ်တယ်။

ချင်စုမှာ သိသိသာသာပဲ အံ့ဩတုန်လှုပ်လို့သွားတယ်၊ အမှိုက်ပုံးထဲမှာ အညစ်အကြေးတွေအများကြီးမရှိသော်လည်း ဖုန်မှုန့်ပါးပါးလေးတော့ အတော်ရှိနေသေးတယ်၊ သူက အိတ်ကိုဆွဲထုတ်လိုက်ချိန်မှာ‌ ဖုန်မှုန့်ပမာဏအများကြီးက လေထဲကို ပျံ့လွင့်လာကာ ချင်စုမှာ ချောင်းဆိုးလေတော့တယ်၊ သို့သော်လည်း သူ့မှာ နက်ပြာစင်းကျောင်းလွယ်အိတ်လေးကို ပျော်ရွှင်ဝမ်းသာမှုဖြင့် မကြည့်ဘဲမနေနိုင်ခဲ့ချေ။

၎င်းဟာ ဖုန်မှုန့်တွေနဲ့ဖုံးနေပြီး အစားအစာဆီအချို့နဲ့စွန်းထင်းနေသော်လည်း အဲ့ဒါက အပြစ်အနာအဆာမရှိဘဲ သပ်ရပ်သည့်ကျောင်းလွယ်အိတ်တစ်လုံးဖြစ်နေဆဲပင်။

ချင်စုက ကျောင်းလွယ်အိတ်တစ်လုံး အမြဲလိုချင်နေခဲ့တာ၊သို့သော်လည်း သူ့မှာ တစ်ပတ်စာနေထိုင်စရိတ်ကို မရှိမဖြစ်မဟုတ်သည့်အရာတစ်ခုဝယ်ဖို့အတွက်နဲ့ သုံးပစ်ဖို့က မတတ်နိုင်သည်လေ။

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now