အခန်း(၂)

15.1K 2.1K 142
                                    

Unicode

ကတ္တီပါအခင်းပေါ်ပစ်တင်ထားတဲ့ အဖြူရောင်တီရှပ်လေးဟာ လုံးဝကိုအပြစ်ကင်းမဲ့နေတယ်၊ သူ့ပုံစံလေးက အတော်ကိုရိုးရိုးလေးပါပဲ၊ သေးနေတဲ့ဆိုဒ်ကလွဲရင် ယောင်္ကျားလေးဝတ်နဲ့ ထပ်တူဖြစ်လုနီးပါးပါပဲ။

ဒါပေမယ့်လည်း အဲ့ဒါကတကယ်ကိုပခုံးကျဉ်းကျဉ်း၊ ခါးသိမ်သိမ်နဲ့ မိန်းကလေးဝတ်အင်္ကျီပါပဲ။

ချောင်ရှောင်က အဲ့ဒါကိုတစ်ခဏလောက်ကြာအောင်စိုက်ကြည့်နေပြီးတော့ နင်းခြေခံလိုက်ရသလိုပဲ၊ သူ...သူ့ရဲ့ကြီးထွားမှုက တိုးတက်မလာသေးလို့ပါ၊ ဟုတ်ပြီလား။အမျိုးသမီးဝတ်အင်္ကျီကို ဝတ်ရအောင်သူကဘယ်လောက်တောင် ကိုယ်အလေးချိန်လျော့နေလို့တုန်း!

အဲဒီ့အချိန်ပိုင်းအလုပ်သမားကောင်....

ချောင်ရှောင်ရဲ့မျက်လုံးတွေက ကျဉ်းမြောင်းသွားတယ်၊ သူတရားခံကို ရှာတွေ့သွားပြီ၊ သူ့ကိုအဲ့ဒါဝယ်ဖို့အကြံပေးတဲ့သူက အဲ့အရပ်ရှည်ရှည်နဲ့ကောင်ပဲ၊ သူက အရောင်းဝန်ထမ်းလေ၊ အမျိုးသားဝတ်လား အမျိုးသမီးဝတ်လားဆိုတာဘာလို့မပြောနိုင်ရမှာလဲ။

ကောင်းပြီလေ၊ အဲ့ယာယီအလုပ်သမားက သူ့ကိုလိမ်လည်ဖို့တောင် သတ္တိရှိနေတယ်ပေါ့။

ချောင်ရှောင်က အဖြူရောင်တီရှပ်ကိုကောက်ယူပြီး ထိုအပျင်းထူတဲ့အထက်တန်းကျောင်းသားရဲ့မျက်နှာကိုပစ်ပေါက်သလိုမျိုး အမှိုက်ပုံးထဲပစ်ထည့်လိုက်တယ်။

ဆိုဖာပေါ်ထိုင်နေတဲ့ချောင်ရှောင်က ဒေါသတကြီးနဲ့ဟောဟဲလိုက်ရင်းပြောတယ်၊
" အရှေ့ခရိုင်ပထမအထက်တန်းကျောင်း၊ ဟမ်? စောင့်နေလိုက်စမ်းပါ၊ ဂုဏ်သရေရှိယောက်ျားတစ်ယောက်အတွက် လက်စားချေနိုင်ဖို့ ဆယ်နှစ်လောက်ကြာမယ်ဆိုရင်တောင် ကိစ္စမရှိဘူး။

ညနေခင်းမှာ ချောင်စုန့်မင်ကအိမ်ပြန်လာ‌‌တော့ ချောင်ရှောင်က ရေချိုးပြီးရုံရှိသေးတယ်၊ သူကဆံပင်စိုစိုနဲ့ပဲ သူ့အဖေကိုတွေ့ဖို့ထွက်လာတယ်။
" ဟောင်ကောင်မြို့က ဒီလောက်ကြီးတာကို၊ ဘာလို့တစ်ညလောက်မနေခဲ့တာလဲ "

ချောင်စုန့်မင်က ဒီနေ့တစ်နေ့လုံးလေယာဉ်ပေါ်မှာ ခြောက်နာရီလောက်နေခဲ့ရတာ၊ အ‌စည်းအဝေးရောက်တော့လည်း သူ့ဝန်ထမ်းတွေကိုဆူပူကြိမ်းမောင်းခဲ့ရသေးတယ်၊ သူက အရမ်းပင်ပန်းနေပေမယ့် မအိပ်ခင်တော့ထုံးစံအတိုင်း အိမ်ပြန်လာတာပဲ။

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now