အခန်း(၅၈)

6.5K 1.4K 139
                                    

Unicode

ဟော့ရှန်တစ်ယောက် သူ့ထိုင်ခုံဖော်၏ကောင်းသည့်အချက်တွေအားလုံးကို အသေးစိတ်ပြန်ပြောပြပြီးချိန်တွင် လော့ရှောင်းမှာ ဆေးလိပ်ဗူးတစ်ဝက်ကုန်လို့သွားပြီ၊ အခုအချိန်တွင် သူ့ခေါင်းမှာ အမှန်ပင် နာကျင်မှုဖြင့်တဒုတ်ဒုတ်ကိုက်ခဲနေချေပြီ၊
" မင်းဒီညအဆောင်မှာအိပ်ချင်လား "

ဟော့ရှန် : " ဟင့်အင်း "

လော့ရှောင်းက မျက်ခုံးတစ်ဖက်ပင့်တင်လိုက်ကာ၊
" အို၊ မင်းက မင်းရဲ့အကောင်းဆုံးပေါင်ပေ့‌လေးနဲ့ဝေးဝေးနေချင်တယ်ပေါ့? "

သူကပဲ လူရည်လည်ပြီး မြော်မြင်ဆင်ခြင်တတ်သည့်အလား ဟော့ရှန်က ပြောလာ၏၊
" မင်းမသိဘူးလား၊ အနားမှာရှိမနေတာက နှလုံးသားကို ချစ်မြတ်နိုးစွဲမက်စေတယ်လေ "

သူတို့ နှစ်‌ပေါင်းအတော်ကြာ ညီအစ်ကိုဖြစ်နေတာကြောင့်သာမဟုတ်ရင် လော့ရှောင်း သူ့ကိုသတ်ပစ်လိုက်လိမ့်မှာ!

"ဝေးကွာနေခြင်းက နှလုံးသားကိုစွဲမက်‌စေတယ်" တဲ့လား၊ ဒါဖြင့် 'လက်ထပ်ထားတဲ့စုံတွဲတွေရဲ့ဘဝ' ကျတော့ရော။

ဒီလူရမ်းကားအိုကြီးက ဘာအတွက်များ ဖြူစင်ရိုးသားပြီးမွန်မြတ်ချင်ယောင်ဆောင်‌နေတာတုန်း!

ဒါကြောင့် ယနေ့တွင်လည်း ဒီနှစ်ယောက်၏ဆက်ဆံရေးမှာ ဖြူစင်ရိုးသားသောတစ်ဖက်သတ်တောင့်တမှုတစ်ခုဆိုတာကို ကျောင်းအာဏာရှင်ကြီး မသိသေးပါဘူး။

သူအဆောင်မှာမအိပ်တော့သော်လည်း ချောင်ရှောင်ကိုပြောရန် ဟော့ရှန် အခန်း ၅၁၆ ဆီပြန်သွားလိုက်လေတယ်။

တံခါးပွင့်သွားသည်နှင့် ဝေ့ကျားယွီတစ်‌ယောက် သူ၏စောင်ထဲက‌နေ အပြင်ကိုဖြည်းဖြည်းချင်းပြူထွက်လာလို့။

ဟော့ရှန် သူ့ကိုမော့ကြည့်လိုက်ကာ၊
" ဘာလဲ "

သူ့ခေါင်းပေါ်တွင်ငှက်သိုက်တစ်ခုနှင့်ဝေ့ကျားယွီက သူ့ကိုအချိန်အတော်ကြာစိုက်ကြည့်နေပြီးမှ၊
" ရှေ-ရှောင်းကောရော ... "

နောက်ဆုံးမှာတော့ အရှေ့အထက်တန်း၏ကျောင်းအာဏာရှင်ကြီးက ဒီဒဏ္ဍာရီလာယောက်ျားကို တကယ်အရှုံးပေးလိုက်ရပြီပဲ!

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now