အခန်း(၈၅)

7.1K 1.4K 106
                                    

Unicode

ချောင်ရှောင်ရဲ့ခေါင်းမှာ မူးဝေခြင်းကြောင့် ချာလည်လည်နေပြီး သူ့ကိုတွန်းထုတ်လိုက်ရတယ်၊
" ဒီလောက်မနက်အစောကြီး ... မင်းကိုယ်မင်းဘာလုပ်နေတယ်ထင်နေတုန်း! "

ဟော့ရှန်က ဖက်ထားတာကိုလျှော့ပေးလိုက်ပေမဲ့ သူ့ကိုလွှတ်မပေးသေးချေ၊
" ဒါအိမ်မက်လားဆိုတာသိရအောင် မင်းကိုနမ်းကြည့်တာ "

ချောင်ရှောင်သူ့ကိုမကြည့်ရဲပေ၊
" ဘ-ဘာကြီး? "

ဟော့ရှန် သူ့ခေါင်းကိုထပ်ငုံ့လိုက်ပြန်တယ်၊ ချောင်ရှောင်ရဲ့နှုတ်ခမ်းတွေတုန်ယင်နေကာ သူကအလွန်စိတ်လှုပ်ရှားနေသော်လည်း ရှောင်တိမ်းရန်ကြိုးစားခြင်းမရှိ၊ ဟော့ရှန်ရဲ့နှလုံးသားမှာ သူ့ရဲ့လိမ္မာရေးခြားရှိတဲ့ပုံစံလေးကြောင့် အရည်ပျော်ကျရကာ အဆုံးတွင် သူ့နဖူးကိုပဲ အနမ်းတစ်ပွင့်ခြွေလိုက်တယ်၊
" ဒီကိုဘာလို့ဒီလောက်‌အစောကြီးလာတာလဲ၊ စားပြီးခဲ့ပြီလား "

ချောင်ရှောင်ပြောလိုက်တယ်၊
" ဒီနေ့ပူမှာလေ၊ အဲ့တော့ ငါတို့နဲနဲစောပြီးထွက်သင့်တယ် "

ဘယ်ဘုရားကျောင်းလဲဆိုတာ ချောင်ရှောင်မသိသော်လည်း S မြို့တွင် ဘုရားကျောင်းအနည်းငယ်သာရှိကာ အများစုက အမျိုးမျိုးသောတောင်တွေပေါ်မှာရှိကြတယ်၊ လည်ပတ်ချင်တယ်ဆိုရင် တောင်တက်ရန်လိုလိမ့်ဦးမယ်။

ဟော့ရှန်ရဲ့နှုတ်ခမ်းပါးတွေ ကွေးညွတ်လို့သွားတယ်။

သူ့ရဲ့တကယ့်အတွေး‌ကို ဟော့ရှန်လုံးဝရိပ်မိတယ်၊ သို့နှင့် ချောင်ရှောင် ၎င်းကိုကြိုးစား‌ဖုံးကွယ်သော်လည်း၊
" တလွဲတွေတွေးမနေနဲ့၊ မင်းကိုတွေ့ဖို့စိတ်စောနေလို့ ဒီကိုလာခဲ့တာမဟုတ်ပါဘူးနော်! " လို့ပြောရင်း ပိုပြီးသိသာသွားစေခဲ့လေတယ်။

မရှင်းပြလိုက်တာမှ ပိုကောင်းဦးမယ်၊ အခုတော့ အမှန်အတိုင်းထုတ်ပြောမိရင်း အဆုံးသတ်သွားလေရဲ့။

" ဒါပေါ့၊ ဘယ်ဟုတ်ပါ့မလဲ "
ဟော့ရှန်ရဲ့ပါးစပ်က ပိုလို့ပင် ပင့်တက်သွားကာ သူ့လေသံက စိတ်ရှည်စွာအလိုလိုက်နေလို့၊
" ကိုယ်ကသာ ကောင်းကောင်းအိပ်ရဖို့ စိတ်စောနေတဲ့သူပါ "

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now