အခန်း(၉၉)

6.8K 1.4K 57
                                    

Unicode

ဟော့ရှန်ရဲ့နှုတ်ခမ်းထောင့်စွန်းတွေ ပင့်တက်သွားတယ်၊ သူက ဆက်ပြောလာတယ်၊
" အမ်၊ ကျွန်‌တော်သဝန်တိုမိလိမ့်မယ် "

ကျောက်အဖြစ်ပြောင်းသွားတဲ့ ကျောက်ဖူယွိမှာ 'ခွက်'ခနဲ ကျောက်တုံးအပိုင်းအစတွေအဖြစ် ကြေမွသွားတော့တယ်။

ချောင်ရှောင်က ဟော့ရှန်ကိုတိတ်ဆိတ်စွာကြည့်နေတယ်၊
" အဲ့ဒါကိုမင်းက ဂုဏ်ယူနေတယ်ပေါ့? "

ဟော့ရှန်က ကွယ်နေတဲ့ရှုထောင့်ကို အခွင့်ကောင်းယူပြီး သူ့လက်ခုံလေးကိုအနမ်းခြွေလိုက်တယ်၊
" ကိုယ်အရမ်းဂုဏ်ယူမိပါတယ် "
ချောင်ရှောင်က သူ့ကိုကြိုက်တယ်လေ၊ သူက ဂုဏ်ယူထိုက်‌တာပေါ့။

ချောင်ရှောင်က သူ့လက်ကိုအမြန်ပြန်ရုတ်ပြီး ပြောလိုက်တယ်၊
" ဟုတ်ပါပြီ၊ ကိုယ့်ကိုယ်ကိုသွေးကြီးမနေပါနဲ့ဦး၊ ငါက တစ်လက်မပေးရင် မင်းက တစ်မိုင်လောက်ယူတယ်! "

[T/N: အလျှော့ပေးရင် ကမ်းတက်လာတယ် လို့ဆိုလိုတာပါ]

ဟော့ရှန်က အသားမယူတော့ချေ၊ သူက နက်ရှိုင်းလွန်းတဲ့ချစ်မြတ်နိုးမှုအပြည့်နဲ့ သူ့ခံစားချက်တွေကိုအပြည့်အဝပြသထားပြီး သူ့ကိုမျက်တောင်မခတ်စိုက်ကြည့်နေတယ်။

အထိတ်တလန့်ဖြစ်နေတဲ့ကျောက်ဖူယွိခမျာ စကားတစ်ခွန်းမှမပြောနိုင်ဘဲ ချက်ချင်းထွက်ပြေးသွားတော့တယ်။

ချောင်ရှောင်က သူ့ကိုဂရုစိုက်မနေတော့ချေ၊ အဲ့ဒီကျောက်ခဲခေါင်ချုပ်က သူ့ကိုယ်သူဘယ်လိုဒုက္ခပေးရမလဲ သိနေတာကိုး၊ သူစောစောစီးစီးထွက်သွားသင့်ပါတယ်လေ၊ မီးသီးတစ်လုံး(third wheel)ဖြစ်နေတာကို သူက လုံးဝသတိမထားမိဘူး။

ဟော့ရှန်က သူ့မျက်လုံးထောင့်စွန်းကနေ ချောင်စုန့်မင်ကိုတစ်ချက်ဝေ့ကြည့်ပြီး ချောင်ရှောင်ကိုမေးလိုက်တယ်၊
" အပြင်ထ‌ွက်ကြည့်ချင်လား "

ချောင်ရှောင်ပြောလိုက်တယ်၊
" ကောင်းပြီလေ "

သူက သူ့မှတ်ဉာဏ်တွေကိုရှာဖွေဖို့ ဒီနေရာကိုရောက်လာခဲ့တာ၊ ရလဒ်ကတော့ ဘာမှတ်ဉာဏ်ကိုမှရှာမတွေ့ဘဲ အဲ့ဒီအစား သူ့ချစ်သူကောင်လေးကိုပဲတွေ့လိုက်ရတယ်။

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now