အခန်း(၃၀)

8.2K 1.5K 165
                                    

Unicode

ပထမတော့ ၎င်းမှာ စိုးရိမ်ပူပန်စွာ ငိုကြွေးနေကြသည့် ပထမနှစ်အတန်းတစ်မှ အုပ်စုအသေးလေးတစ်ခုတွင်သာ၊ နောက်တော့ အချို့လူတွေက အဲ့ဒါကို အခြားအတန်း‌တွေဆီ လက်ဆင့်ကမ်းကြကာ နောက်ဆုံးတွင် အထက်တန်းကျောင်း၏ပထမနှစ်တစ်ခုလုံး အုတ်အော်သောင်းတင်းဖြစ်ကုန်ကြ၏။

" သည်လ ဘာသာစကားစာမေးပွဲရဲ့အတိုင်းအတာကို တိုးချဲ့လိမ့်မယ်တဲ့! "

" အတွင်းသတင်း! တရုတ်စာမှာ စီနီယာနှစ်ရဲ့မေးခွန်းတစ်ခုပါမယ်တဲ့၊ ကောလိပ်ဝင်ခွင့်စာမေးပွဲရဲ့အလှကို ကြိုတင်ခံစားကြပါစို့! "

" သားကြီး၊ မင်းဝမ်းကွဲက အထက်တန်းတတိယနှစ်မှာမလား၊ သူတို့ရဲ့လေ့ကျင့်ခန်းစာရွက်ကို အမြန်စုံစမ်းထားကွ! "

အပြင်ဘက်၌ လူတိုင်းမှာ ရက်စက်ကြမ်းကြုတ်မှုသရဖူဆောင်းခံထားရသော်လည်း ကောလဟာလတွေ စတင်ခဲ့သည့်နေရာမှာတော့ အတော်ငြိမ်းချမ်းလို့နေ၏။

ချောင်ရှောင်ဟာ ဟော့ရှန်ကိုချီးကျူးလိုက်တယ်၊
" မင်း တစ်နေ့လုံးမအိပ်ဘူးပဲ၊ ဒါ တကယ်ချီးကျူးထိုက်တယ် "

ဟော့ရှန်က သူ့မေးစေ့ကို သူ့လက်ပေါ် ‌ထောက်ကာ သူ့ကိုကြည့်လာတယ်၊
" အဲ့တော့ ဆရာချောင်က ကျွန်တော့်ကို ဆုမချသင့်ဘူးလား "

ချောင်ရှောင်က သူ့ကိုစိုက်ကြည့်ပစ်လိုက်တယ်၊
" ငါက မင်းကို ဘာဆုပေးရမှာတုန်း၊ သင်ယူတာက မင်းရဲ့ကိုယ်ပိုင်အလုပ်လေ၊ မင်းက ငါ့အတွက် သင်ခဲ့တာမဟုတ်ဘူး "

ထိုစကားပြောသည့်လေသံမှာ တကယ်ကိုဆရာတစ်ယောက်နှင့်တူလှ၏။

ဟော့ရှန်ဟာ စားပွဲပေါ် လဲကျသွားကာ၊
" ဒါဆို ငါ့ကိုယ်ငါ အိပ်ပြီးတော့ပဲဆုချလိုက်မယ် "

" ဟေး... "
ချောင်ရှောင်က သူ့ကိုဘောပင်နဲ့ တို့လိုက်တယ်၊
" မင်းက နည်းနည်းလေးချီးကျူးခံလိုက်ရတာနဲ့ သွေးကြီးလွန်းသွားတာ မဟုတ်ဘူးလား "

ဟော့ရှန်က သမ်းဝေလေ၏။

နောက်အတန်းမှာ ချောင်ရှောင် အတော်ခက်သည်ဟုထင်တဲ့ ရူပ‌ဗေဒဖြစ်တာကြောင့် သူ အဲ့ဒါကိုနားမလည်လိုက်မှာ မဖြစ်ချင်ပေ၊
" ကောင်းပြီ၊ ကောင်းပြီ၊ ကောင်းပြီ၊ မင်း ဘာဆုလိုချင်လဲ "

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now