အခန်း(၅၅)

6.7K 1.4K 215
                                    

Unicode

Joker ကတ်ကိုရလိုက်ချိန်တွင် ချောင်ရှောင်ကြောက်မသွားပေ၊ ဒါက အတော်လေးစိတ်ဝင်စားစရာကောင်းတယ်လို့တောင် သူက တွေးမိပါသေးတယ်၊ အခုဆိုရင် ဂိမ်းကစားရာမှာ သူလည်း တက်ကြွသည့်ပါဝင်သူတစ်ယောက်ဖြစ်နိုင်သွားပြီလေ။

ဟော့ရှန်က ချောင်ရှောင်၏ကတ်ကို ဖျက်ကနဲကြည့်ပြီးနောက် သူ့အပိုင်ကတ်ကိုဖွင့်လိုက်တယ်။

ချောင်ရှောင်က အမြန်လှမ်းကြည့်လိုက်ကာ၊
" ဗလာကတ်ပဲ "

သူ့လေသံထဲမှ စိတ်ပျက်လက်ပျက်ဖြစ်နေမှုကို ဟော့ရှန်ကြားလိုက်ရကာ၊
" ဘာလို့လဲ၊ ငါ Ace ရမယ်လို့မင်းမျှော်လင့်နေတာလား "

ချောင်ရှောင် သူ့ကိုပြုံးပြလိုက်တယ်၊
" မင်းကငါ့ကိုအခက်တွေ့စေမှာမဟုတ်ဘူးဆိုတာသေချာတယ်လေ "

ဟော့ရှန်လည်း ပြုံးပြလာကာ ထိုထွက်ဆိုချက်ကိုတော့ ပြန်ဖြေမလာခဲ့ပေ။

သူတို့၏မျက်နှာချင်းဆိုင်တွင် Ace ကတ်ကိုကိုင်ထားသူမှာ ကျောင်းအာဏာရှင်ကြီးပင်၊ အတူတူပူးကပ်နေကြသည့်သူတို့ကို သူစိုက်ကြည့်ပစ်လိုက်တယ်။

—— မင်းကိုအခက်တွေ့စေမှာမဟုတ်ဘူးတဲ့လား။

— ဖြစ်နိုင်ချေအားလုံးမှာ အဲ့သားရဲအိုကြီးက မင်းကိုသေလောက်အောင် "အခက်တွေ့" စေချင်နေတာကွ။

ကစားပွဲအစမှာကတည်းက တစ်ယောက်သောသူ၏ဟိုယောင်ယောင်သည်ယောင်ယောင်လက်တွေက စမ်းတဝါးဝါးလျှောက်သွားနေတာကို လော့ရှောင်းတွေ့ခဲ့ပြီးသား။

သူက တကယ်ကန်းချင်ကန်းနေလိမ့်မယ်၊ ဒါပေသိ ဒီလောက်နီးနီးကပ်ကပ်အခြေအနေတွေကို သူရှင်းရှင်းလင်းလင်းမမြင်နိုင်သည့်အထိတော့မဟုတ်သေးဘူး။

အခိုက်အတန့်တစ်ခု၌ သူ့လက်ကို သူ့ခါးတစ်ဝိုက်တွင်ထား,ထားလို့၊ နောက်အခိုက်အတန့်တွင် တစ်ဖက်လူကို သူ့ရင်ဘတ်ကိုမှီကာ ယိုင်စေလိုက်လို့၊ အခုတော့ သူတို့က အကြည်စိုက်ကာ ပြုံးနေကြပြန်ပြီ။

သူ့ပတ်ပတ်လည်ကလူတွေကို လော့ရှောင်းတစ်ချက်ဝေ့ကြည့်လိုက်တယ်၊ စုန့်ရိရှီနှင့်ကျဲခိုင်က သူနှင့်မရင်းနှီး၊ လေးလုံးချင်က ထုံးစံအတိုင်း ဘာကိုမှစိတ်မဝင်စား၊ ဝေ့ကျားယွီက အခက်တွေ့နေပြီးသား၊ သူ့ခမျာ ဟော့ရှန်နှင့်ချောင်ရှောင်ကို အမြဲတမ်းကူပြီးဖုံးဖုံးဖိဖိလုပ်ပေးနေရတာ။

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now