အခန်း(၂၇)

7.6K 1.4K 82
                                    

Unicode

" Pfft! "
ယွီယွမ်ရှီးမှာ ရယ်ချင်တာကို ချုပ်တည်းထားရ၏။

သူမက အောင့်ထားပြီး ဘာမှတော့မပြောဘူး၊ သို့သော်လည်း သူမ၏ခေါင်းထဲမှာ ကျည်ဆံမျက်နှာပြင်ကတော့ ပွတ်လောညံနေလေပြီ — အတန်းဖော်ချောင်ရှောင်၊ နင်က ချစ်စရာကောင်းလွန်းတယ်လို့!

" နင် နှစ်ခုပဲရွေးလို့ရတယ် "
ယွီယွမ်ရှီးက ချောင်ရှောင်ကို ရှင်းပြလာတယ်၊
" ဒါ့အပြင် အသင်းအဖွဲ့လှုပ်ရှားမှုတွေအတွက် သတ်မှတ်ပေးထားတာက အတန်းချိန်တစ်ချိန်တည်းရယ်၊ အသင်း‌တွေအများကြီးကို ဝင်ဖို့ နင့်မှာအချိန်ရှိမှာမဟုတ်ဘူး "

စုန့်ရိရှီမှာ ရူးသွားတော့မယ်၊
" ညီအစ်ကိုရေ နိုးထပါတော့ဟ၊ ကြားရက်တွေမှာ ငါတို့တွေ လေ့ကျင့်ခန်းပုစ္ဆာတွေကို လုံလုံလောက်လောက်မလုပ်ရလို့လား "

ချောင်ရှောင်၏အဆင့်များကို ထည့်မစဉ်းစားရင် သူဟာ ထိပ်တန်းကျောင်းသားတစ်ယောက်၏စိတ်နှလုံးရှိသူတစ်ယောက်လေ၊
" သင်ယူခြင်းမှာ အဆုံးမရှိဘူး "

စုန့်ရိရှီမှာ အရေးနိမ့်ကြောင်း ဝန်ခံရန် တွန်းအားပေးခံရကာ သူဟ လက်သီးကို ကျစ်ကျစ်ဆုပ်လိုက်ရတယ်၊
" ငါရှုံးပါပြီ "

ချောင်ရှောင်က သူနဲ့ပူးပေါင်းပေးလိုက်ကာ၊
" မင်း ငါ့ကိုအနိုင်ရခွင့်ပေးလိုက်တာပါ "

ယွီယွမ်ရှီးက အသင်းတွေ၏အမည်ကို ‌ဘောပင်နှင့်ထောက်ကာ ပြောလာတယ်၊
" စာလေ့လာတဲ့အသင်းနှစ်ခုကို လာရွေးဦး "

ချောင်ရှောင်ဟာ တုံ့ဆိုင်းခြင်းမရှိ ပြောလိုက်တယ်၊
" သင်္ချာနဲ့ရူပ‌ဗေဒ "

ထိုနှစ်ခုက အခက်ခဲဆုံးပင်၊ အထူးသဖြင့် သင်္ချာ၊ သူ့မှာ ဒူးထောက်ပြီး ဦးလေးခေါ်ချင်လုနီးနီးပဲ။

" အဲ့ထဲက တစ်ခုကိုလဲလိုက် "
အိပ်ချင်မူးတူးအသံတစ်ခုဟာ သူ့ဘေးမှာ ထွက်ပေါ်လို့လာတယ်။

အိပ်ချင်မူးတူးဟော့ရှန်က တစ်ဖက်လှည့်လာပြီး သူတို့ကို မျက်စိမှေးကြည့်နေလေ၏။

ချောင်ရှောင်က သူ့ကိုကြည့်ကာ၊
" ဟမ် "

ဟော့ရှန်က အက်ကွဲကွဲအသံဖြင့် ပြောလာ၏၊
" ရူပဗေဒကို ပြဇာတ်ပြောင်းလိုက် "

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now