အခန်း(၁၁၈) - ဆယ်နှစ်ကြာပြီးနောက်(၁)

8K 1.3K 90
                                    

Unicode

ဆယ်နှစ်ကြာပြီးနောက် -

ရုပ်ရှင်၊ တီဗီနဲ့ ဂီတ ကြယ်သုံးပွင့်ဆုရှင် ဝေ့ကျားယွီဟာ သူ့ကိုယ်သူ ရှာဖွေမှုအများဆုံးစာရင်းမှာ မသတ်မှတ်နိုင်တော့တဲ့အကြိမ်အဖြစ် စာရင်းဝင်ခဲ့ပြန်ပါပြီ။

သူ့မန်နေဂျာဖြစ်သူ မစ္စလင်ဖေးမှာ ဒါကိုအသားကျနေပြီဖြစ်တာမို့ သူမက တည်ငြိမ်စွာဖြင့် ရှာဖွေမှုစာရင်းကိုဖွင့်ကာ တစ်ချက်ကြည့်လိုက်တယ် ...

" လခွမ်း! "
လှပကြော့ရှင်းတဲ့ မစ္စလင်းခမျာ မကြားဝံ့မနာသာစကားလုံးကို နှုတ်မှလွှတ်ခနဲမထွက်မိဘဲ မနေနိုင်တော့ချေ။

သူတို့က နာနီကားထဲမှာရှိနေကြကာ ဝေ့ကျားယွီက ဂိမ်းကစားနေတုန်းတန်းလန်းဖြင့်၊
" ဘာဖြစ်တာလဲ? "

လင်ဖေးက သူ့ဖုန်းကိုဆွဲယူကာ သူမရဲ့ဖုန်းကို သူ့ထံကမ်းပေးလိုက်တယ်၊ ဝေ့ကျားယွီတစ်ယောက် အဲ့ဒါအတွက် လုံးဝပျော်ရွှင်မနေတော့ဘူး၊
" ငါ့ဂိမ်းက အခုမှစရုံပဲရှိသေးတာဟ၊ ငါ့အသင်းဖော်တွေ ငါ့ကိုအဖျက်သမားလို့မြင်အောင်လုပ်ဖို့ မင်းကြိုးစားနေတာလား ... "
သူက ဖုန်းမျက်နှာပြင်နှစ်ခုစလုံးကို ကြည့်ရင်း ပြောလိုက်တယ်။

ထိပ်ဆုံးခေါင်းစဉ်က - ဝေ့ကျားယွီနဲ့ ရှန်ဟိုင်းရဲ့သခင်လေးချောင် အိမ်ထောင်ရေးဖောက်ပြန်မှုမှာ လက်ပူးလက်ကျပ်ဖမ်းမိ။

ဝေ့ကျားယွီက သတင်းကို အမြန်ဖွင့်ကြည့်လိုက်တယ်၊ တစ်ချက်ကြည့်ရုံမျှဖြင့် သူ လုံးဝကိုပြောစရာစကားပျောက်ရှသွားတယ်။

ဝေ့ကျားယွီနဲ့ ရှန်ဟိုင်း သခင်လေးချောင်တို့ရဲ့ မသင်္ကာဖွယ် ညနေခင်းချိန်းတွေ့မှု။

ချောင်မိသားစုနဲ့ ရှဲ့မိသားစုတို့ရဲ့ လက်ထပ်ခြင်းဖြင့် ပူးပေါင်းခြင်း: ဒီလိင်တူအိမ်ထောင်ရေးက နှစ်ဦးနှစ်ဖက် အကျိုးအမြတ်ကြောင့် တွန်းအားပေးခံခဲ့ရတာလား?

လက်ထပ်ပွဲအပြီး တစ်လကျော်မှာပဲ ချောင်ရှောင်က ရုပ်ရှင်ဧကရာဇ်ဝေ့ကျားယွီနဲ့ အချစ်ဇာတ်ခင်းနေတာကို ရှဲ့ရှန်ကရော သိရဲ့လား?

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now