အခန်း(၁၁၀)

7K 1.3K 57
                                    

Unicode

ချောင်ရှောင်မှာ သေချာမရှင်းပြနိုင်သလို သူ့စိတ်ပိုင်းဆိုင်ရာပြဿနာတွေကိုလည်း တင်ပြလို့မရဖြစ်နေတယ်။

ဒါပေမဲ့ လျန်ကျူးအတွက် သင်္ချာဘာသာပြိုင်ပွဲမှာ ဒီလောက်ကောင်းမွန်စွာ စွမ်းဆောင်ခဲ့တဲ့ တစ်စုံတစ်ယောက်က နောက်ဆုံးစာမေးပွဲကို ကြောက်တယ်ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ ဒါက ရိုးရှင်းစွာပင် အကျိုးသင့်‌အကြောင်းသင့် မဟုတ်ပါလား။

ချောင်ရှောင် ဒီကိစ္စကိုဆက်ပြောချင်စိတ်မရှိတော့ဘူး၊ ဒီအတိုင်းပဲ ထားပါတော့ ... သူ အမှန်အတိုင်းပြောခဲ့ပေမယ့် ဘယ်သူမှမယုံကြည်ခဲ့တဲ့ ဒီလိုနေ့ရက်မျိုးတွေကို သူ အသားကျနေခဲ့ပါပြီလေ။

တခြားကျောင်းမှသင်္ချာဝါသနာရှင်တွေအားလုံးက စာမေးပွဲပါရဂူတွေချည်းပင်၊ အဲ့ဒီစနေ၊ တနင်္ဂ‌နွေပိတ်ရက်က အော့ဖ်လိုင်းပြိုင်ပွဲအကြောင်း ကြားသိခဲ့ပြီးနောက် သူတို့အားလုံးက သူတို့ရဲ့ပါဝင်ယှဉ်ပြိုင်လိုတဲ့ဆန္ဒတွေကို ဖော်ပြခဲ့ကြတယ်၊ သူတို့ရဲ့တစ်ခုတည်းသောတောင်းဆိုချက်က အရှေ့အထက်တန်းကို စာသင်ခန်းတစ်ခန်းရယူပေးရန်ပင်။

ထိပ်ဆုံးမဏ္ဍိုင်က အဲ့ဒါကိုစီစဉ်ပေးနိုင်တယ်လို့ အာမခံခဲ့တာမို့ မကျေပွဲနွှဲမယ့်အချိန်ကို သတ်မှတ်လိုက်ကြတယ်။

ဟော့ရှန်က အရှေ့အထက်တန်းရဲ့သင်္ချာဘာသာအုပ်စုခေါင်းဆောင်ဖြစ်တဲ့ ဆရာလင်းကို စာသင်ခန်းတစ်ခန်းငှားပေးဖို့ တောင်းဆိုခဲ့တယ်၊ ဆရာက မမေးခင်မှာပင် သဘောတူလေတယ်၊
" မင်းအဲ့ဒါကိုဘာအတွက်လိုတာလဲ "
သူ့လေသံက ဖော်ဖော်ရွေရွေနဲ့ ချိုသာနေလိုက်တာများ အကြမ်းဖက်သမားသုံးယောက်ထဲက တစ်ယောက်အဖြစ် ကျောင်းသားတွေနာမည်ပေးထားတဲ့ အာဏာရှင်ကြီးလင်းနဲ့ လုံးဝတူညီမနေပါဘူး။

ဟော့ရှန်က ဘာမှဖုံးကွယ်ထားစရာမရှိတာမို့ ကျောင်းသားတွေရဲ့သဘာဝကျတဲ့သင်္ချာပြိုင်ပွဲအကြောင်း သူ့ကိုပြောပြလိုက်တယ်။

ဆရာလင်းရဲ့မျက်လုံးတွေ တောက်ပသွားပြီး ပြောလာတယ်၊
" ဒါချီးကျူးစရာပဲ! "

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now