အခန်း(၁၀၉)

6.8K 1.3K 151
                                    

Unicode

အွန်လိုင်းပြိုင်ပွဲမှာ အရှေ့အထက်တန်းက တစ်ယောက်အဖြေတစ်ယောက်ကူးယူပြီး လိမ်လည်လှည့်စားတယ်လို့ တခြားကျောင်းတွေက ယုံကြည်နေမှတော့ သူတို့က ရိုးရိုးရှင်းရှင်းပင် အပြင်လောကမှာပြိုင်ပွဲတစ်ခုလုပ်လိုက်လို့ရတာပဲ။

ထိပ်ဆုံးမဏ္ဍိုင်က ချက်ချင်း ပြောလာတယ်၊
" ဟုတ်တယ်! အော့ဖ်လိုင်းပြိုင်ပွဲလုပ်ရအောင်! အဲ့အချိန်ကျ သူတို့ပါးစပ်က‌နေ ဘယ်လိုပေါက်ကရတွေထပ်ထွက်လာမလဲ ကြည့်ကြသေးတာပေါ့! "

အခု ကိစ္စတွေက ဒီအခြေအနေအထိရောက်နေပြီဖြစ်လို့ ဒီအမည်မဖော်လိုသူတစ္ဆေတစ်အုပ်လည်း အကုန်ပါးစပ်ပိတ်သွားကြပြီ။

သူတို့မှာ ဥက္ကဌ ဒါမှမဟုတ် ချောင်ရှောင်နဲ့ပတ်သတ်ပြီး ဘာထင်မြင်ချက်မှမရှိချေ၊ ဒီအတိုင်း တခြားကျောင်းတွေ ပြောဆိုနေကြတဲ့စကားတွေက သူတို့နားမခံသာအောင် စော်ကားပုတ်ခတ်လွန်းနေတာမို့၊ နောက်ပြီး တကယ်လည်း သူတို့က Larry နဲ့ရင်းနှီးတာမဟုတ်တဲ့အတွက် သံသယဖြစ်မိလာခြင်းဖြစ်တယ်။

ချောင်ရှောင်က နားလည်တာမို့ ဘယ်သူ့ကိုမှအပြစ်မတင်ပါဘူး။

ချောင်ရှောင်က ပြောလိုက်တယ်၊
" တခြားကျောင်းတွေက ပြိုင်ပွဲဝင်တွေကို ဆက်သွယ်ဖို့ ငါမင်းကိုပဲဒုက္ခပေးရဦးမယ်၊ သူတို့သဘောတူရင် ငါ စာသင်ခန်းတစ်ခန်းရှာလိုက်မယ်လေ "

ထိပ်ဆုံးမဏ္ဍိုင်က ချက်ချင်းလက်ခံတယ်၊
" ကောင်းပြီ! "

အုပ်စုစကာ‌းပြောခန်းကိုပိတ်ပြီးတဲ့နောက် ချောင်ရှောင်က ထိပ်ဆုံးမဏ္ဍိုင်ထံ သီးသန့်‌မက်ဆေ့ရှ်ပို့လိုက်တယ်၊
" ငါမှတ်မိသလောက် နောက်ဆုံးမေးခွန်းကို မင်းမဖြေနိုင်ဘူးဆိုသလားလို့? "
ပြိုင်ပွဲပြီးဆုံးသွားတဲ့အချိန်တုန်းက လျန်ကျူးက သူနဲ့အချိန်အတော်ကြာစကားစမြည်ပြောနေခဲ့ပြီး နောက်ဆုံးမေးခွန်းမှာ အမှားလုပ်ခဲ့မိလို့ ဝမ်းနည်းပူဆွေးနေခဲ့သည်လေ။

ထိပ်ဆုံးမဏ္ဍိုင်က ရှက်ရှက်နဲ့ ဝန်ခံလာတယ်၊
" အဲ့ဒီအပုဒ်ကိုမင်းမဖြေနိုင်ဘူးလို့ ငါထင်ခဲ့တာလေ၊ မင်း စိတ်ဖိစီးနေမှာစိုးလို့ ငါလည်းမဖြေနိုင်ဘူးလို့ပြောခဲ့တာ "

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now