အခန်း(၁၃)

8.5K 1.7K 92
                                    

Unicode

စိုက်ကြည့်ခံရခြင်းက ချောင်ရှောင်ကို သက်တောင့်သက်သာမဖြစ်စေပါ၊ ဟော့ရှန်မျက်လုံးထဲက အဲဒီ့အကြည့်၊ အဲ့ဒါက သူဟာ မေးခွန်းတွေကိုနားလည်တယ်လို့ပြောနေသလိုပဲ။

သူ သူ့စာရွက်ကိုအုပ်ပြီး သူ့ကိုလှည့်ကြည့်လိုက်တယ်၊
" မင်း အဲ့လောက်တောင်သိချင်နေလည်း ကိုယ့်ဟာကိုယ်လုပ်ပါလား "

ဟော့ရှန် : " ဒီစာရွက်မှာ သိချင်စရာဘာမှမရှိဘူး "

" အဲ့ဒါဆိုလည်း မင်းက ဘာကိုစိုက်ကြည့်နေတာတုန်း "

ဟော့ရှန်ရဲ့ နှုတ်ခမ်းပါးဟာ ‌အပေါ်ကိုကွေးတက်သွားတယ်၊
" ငါသိချင်တာက... "
သူ ပြောလိုက်ချင်တာ 'မင်း ဘယ်နှပုဒ်ဖြေနိုင်မလဲ' ဆိုပြီး၊ ဒါပေမယ့် အဲ့လိုပြောရင် အကောင်ပုလေးကို စိတ်ထိခိုက်လိမ့်မယ်လို့ သူတွေးမိတယ်၊ အဲ့ဒါကြောင့် သူ အဲ့ဒါကိုပြောင်း‌ပြောလိုက်ပါတယ်၊
" မင်း ဒီလိုသေးကွေးတဲ့လက်ကလေးနဲ့ ဒီ‌လောက်ထူတဲ့‌ဘောပင်ကို ဘယ်လိုများသုံးလဲလို့၊ မင်း အဲ့ဒါကိုကိုင်ရောကိုင်နိုင်ရဲ့လား "

ချောင်ရှောင် : " ??? "

ကြည့်ရတာတော့ သူပြောချင်တဲ့ဟာကို မပြောင်းလိုက်ရင်အကောင်းသား၊ သူ သူ့ခံစားချက်တွေကို ပိုပြီးတောင်နာကျင်စေတာနဲ့ အဆုံးသတ်သွားသလိုပဲ။

သူ သူ့လည်ချောင်းကိုရှင်းလိုက်ပြီး‌ ပြောတယ်၊
" ငါပြောချင်တာက မင်းပိုက်ဆံချွေတာချင်ရုံနဲ့ ဒီပစ္စည်းတွေမဝယ်သင့်ဘူး၊ ဒီဘောပင်ဆိုရင် မင်းနဲ့သင့်မှမသင့်တော်တာ "

ချောင်ရှောင်ကတော့ သူပြောတာနဲ့ကို စိတ်အနှောင့်အယှက်ဖြစ်နေပြီ၊ ဒါပေမယ့် သူ(ဟော့ရှန်) ‌သူ့ကိုဒေါသထွက်အောင်ပြောတဲ့အရာတွေက များလွန်းလို့ သူ့မှာ ဘယ်နေရာက စရမှန်းတောင်မသိတော့ဘူး။

" ဘာလို့မသင့်တော်တာလဲ "
ချောင်ရှောင်က သူ့ဘောပင်ကို ကြွားလိုက်တယ်၊
" ဘောပင်တစ်ချောင်းမှာ အရောင်ခြောက်ရောင်ပါတယ်၊ ငါက ဈေးနှုန်းတစ်ခုတည်းနဲ့ ဘောပင်ခြောက်ချောင်းရလိုက်တာပဲ "

တကယ်ကို ကျေနပ်ပျော်ရွှင်စရာကြီးပဲ!

ချောင်ရှောင်ကတော့ အဲဒီ့အကျိုးရှိတဲ့ကုန်ကျစရိတ်ကြီးနဲ့ အလွန်ကိုကျေနပ်နေလေရဲ့၊ ဒါက သူ့အရင် Montblanc ဘောပင်ထက် အများကြီးပိုသားနားတယ်။
(T/N: Montblanc တံဆိပ်ရှိတဲ့ ဈေးအနည်းဆုံးဘောပင်မှာ £290 ရှိပါတယ်တဲ့ရှင်(ʘᴗʘ))

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now