အခန်း(၅၉)

6.6K 1.4K 101
                                    

Unicode

'သဘာဝကျပါတယ်' ??

ဒီအတိုင်းအတာအထိတောင် သူ့ကိုယ်သူလက်လျော့လိုက်ပြီလား။

ဝေ့ကျားယွီ အလွန်စိတ်သောကရောက်သွားကာ ပြောလိုက်တယ်၊
" ရှောင်းကော၊ ဘယ်လိုနှစ်သိမ့်မှုမျိုးကိုမဆို လက်ခံဖို့က မင်းကိုနိမ့်ကျစေတယ်လို့မင်းခံစားရတာ ငါသိပါတယ်၊ ဒါပေမဲ့ ကျေးဇူးပြုပြီး လွှတ်ပေးလိုက်ပါတော့၊ ချောင်ရှောင်က ... "

ဝေ့ကျားယွီက ဘယ်သူ့ကိုမှမကြိုက်ဖူးသော်လည်း ဒီလိုကိစ္စမျိုးတွေကြုံလာသည့်အခါ ယောက်ျားတစ်ယောက်က ဘယ်လောက်ပဲတော်နေတတ်နေပါစေ ဒါမှမဟုတ် ဘယ်လောက်ပဲဂုဏ်သိက္ခာတွေရှိနေပါစေ၊ ခံစားရစမြဲပါပဲ၊ ၎င်းက လက်ခံရန်ခက်ခဲလိမ့်မည့် ခံစားချက်တစ်မျိုးပင်။

လော့ရှောင်းက မျက်ခုံးတစ်ဖက်ပင့်လိုက်လို့၊
" မင်း ... "

ဝေ့ကျားယွီက သူ့ဘေးမှာဝင်ထိုင်လို့ လေးနက်စွာပြောလာလေ၏၊
" မင်းချောင်ရှောင်ကိုကြိုက်တယ်ဆိုတာ ငါသိပါတယ်ကွာ၊ ဒါပေမဲ့ မင်းကိုယ်တိုင်ပဲပြောခဲ့တယ်လေ၊ အတင်းအားသုံးပြီးခူးတဲ့ဖရဲသီးက ချိုမှာမှမဟုတ်တာကွာ... "

ဆံပြာ၏စကားတွေက စစ်မှန်ပြီးလေးနက်လှပေတယ်၊ အချိန်အကြာကြီးစကားပြောပြီးသည့်နောက် ကျောင်းအာဏာရှင်ကြီး၏ခံစားချက်ကင်းမဲ့သည့်အကြည့်မှာ ခံစားချက်ကင်းမဲ့သောမျက်လုံးများအဖြစ်‌သို့ပြောင်းသွားလေတော့၏။

သူတိုးတိုးလေးပြောလိုက်တယ်၊
" ငါကကြိုက်နေတယ်... ချောင်ရှောင်ကို ......... "

ဝေ့ကျားယွီက နက်ရှိုင်းစွာ သက်ပြင်းချလိုက်လို့၊
" ငါနားလည်ပါတယ်ကွာ၊ ခံစားချက်တွေဆိုတာ ထိန်းချုပ်ဖို့ခက်တယ်လေ၊ မင်းအချိန်အကြာကြီးရုန်းကန်နေခဲ့ရမှာပဲ၊ အဆုံးမှာတော့ မင်းက မင်းရဲ့ညီအစ်ကိုကောင်းနဲ့ပြိုင်ခဲ့ရတာလေ "

လော့ရှောင်း၏အသံမှာ ပိုလို့ပင်တိမ်ဝင်သွားကာ၊
" ငါ့ညီအစ်ကိုကောင်းနဲ့ပြိုင်တယ်... "

ဝေ့ကျားယွီက ဆက်ပြောလိုက်လေတယ်၊
" ဟုတ်တယ်လေ၊ မင်းတို့နှစ်ယောက်လုံးက ယောက်ျားတစ်ယောက်တည်းအ‌ပေါ်မှ မျက်စိကျခဲ့ကြတာကိုး၊ ဒါက ... "

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now