အခန်း(၅၃)

6.8K 1.4K 131
                                    

Unicode

ထိုညနေ ကိုယ်ပိုင်စာကြည့်ချိန်အတွင်း ဓာတ်အားပြတ်တောက်သည့်အခါ ကျောင်းသားတွေမှာ ပျော်ရွှင်ကျေနပ်နေလိုက်ကြတာ ထီပေါက်သည့်အလား။

မတိုင်မီက ကျောင်းသားတွေက တိုးတိုးညင်းညင်းသာ စကားပြောနေကြပြီး အခန်းထဲတွင် ဆူညံသံများဖန်တီးနေကြလို့၊ ယခုတော့ လူတိုင်းက အဆက်မပြတ်အော်ဟစ်နေကြကာ ဆူဆူညံညံအသံတွေက တစ်လှိုင်းပြီးတစ်လှိုင်းလာနေကြသည်မှာ သူတို့ဟာ ခေါင်မိုးကိုလှုပ်ခါသွားစေရန် ကြိုးစားနေကြသည့်နှယ်။

" မှောင်သွားပြီ! "

" ယီးပဲ! ဓာတ်အားပြတ်တောက်သွားပြီကွ! "

" ကျောက်စိမ်းဧကရာဇ်၊ ဂေါတမမြတ်စွာဘုရား၊ ကွမ်ရင်မယ်တော်၊ ဟာလေလုယ ... ဘယ်အမတပဲဖြစ်ဖြစ် နားထောင်နေပါက ကျေးဇူးပြု၍ ကျွန်တော်တို့ကိုစောင်မပေးပြီး ဒီည မီးပြန်လာခွင့်မပြုပါနဲ့ခင်ဗျ! "
(T/N: Hallelujah(ဟာလေလုယ) ဆိုတာ 'ဘုရားသခင်၏ကျေးဇူးတော်ကိုချီးကျူးခြင်း' ပါတဲ့)

တစ်ယောက်မကျန် အလွန်ဆူညံနေကြတော့ ချောင်ရှောင်လည်း အာရုံထွေပြားသွားရပြီ။

နွေးထွေးသည့်လက်တစ်ဖက်က သူ့လက်ကိုဆုပ်ကိုင်လာ၏၊
" ကြောက်လို့လား "
ဟော့ရှန်ပင်။

လရောင်မှတဆင့် ချောင်ရှောင် သူ့ကိုမြင်နိုင်နေဆဲ၊
" ဘာကြောက်စရာရှိလို့လဲ "

ဟော့ရှန်က ပြောလာတယ်၊
" ငါ့အထင် မင်းအမှောင်ကြောက်လိမ့်မယ်လို့ "

ချောင်ရှောင် ရယ်မောလိုက်တယ်၊
" မှောင်တာ ဘာကြောက်စရာရှိလဲ၊ အရမ်းမိုက်တာကို! "

ဒါကအတော်လေးနှမြောစရာပဲလို့ ဟော့ရှန်တွေးမိတယ်၊
" မင်းကအတော်သတ္တိရှိတာပဲ "

ချောင်ရှောင်မှာ မတိုင်မီကကိစ္စကို တွေးနေဆဲဖြစ်ကာ ဟော့ရှန်အနီးသို့ကိုင်းညွတ်သွားလိုက်တယ်၊
" ခုနက မင်းစကားတွေ ပြတ်သွားတယ်ရော၊ ဆိုတော့ကာ မင်းကြိုက်တဲ့သူက ဘယ်သူလဲ "

စာသင်ခန်း၏အတွင်းရော အပြင်ရောတွင် အလင်းမရှိ၊ သို့သော်လည်း သူတို့ထိုင်ခုံတွေက ပြတင်းပေါက်အနီးတွင်ဖြစ်ကာ ‌စီးဆင်းနေသောရေကဲ့သို့ သွန်ကျနေသည့်လရောင်မှာ ချောင်ရှောင်၏ကိုယ်ပေါ် ဖြန့်ကျက်နေပါ၏။

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now