အခန်း(၇၇)

6.6K 1.4K 101
                                    

Unicode

ချောင်ရှောင် သူ့အစာအိမ်ထဲတွင်ခံစားနေရသည့် ပျို့အန်ချင်စိတ်ကိုချုပ်တည်းကာ ဂဏန်းကိုစားလိုက်တယ်။

တစ်လုတ်စားပြီးနောက် သူ့အော့အန်ချင်စိတ်ကိုမထိန်းနိုင်တော့ဘဲ ရေချိုးခန်းဆီသွားအန်ရတော့တယ်။

ဒါပေသိ အော့အန်စရာဘာမှမရှိ၊ သူ ဘာမှမစားတာ နှစ်ရက်ရှိပြီဖြစ်လို့ သူ့အစာအိမ်က လုံးဝဗလာဖြစ်နေချေပြီ။

မျက်နှာသစ်ချင်ပေမယ့် မှန်ထဲမှာ သူ့မျက်နှာကိုတွေ့လိုက်ရတယ်။

-- သူက ‌ကောက်ရိုးစတစ်စကဲ့သို့ပိန်လှီနေပြီး စာရွက်ကဲ့သို့ဖြူဖျော့လို့နေတယ်၊ သင်္ချိုင်းမြေပုံထဲကနေ တွားသွားထွက်လာသည့်တစ်စုံတစ်ရာနှင့်တူနေပါ၏။

ချောင်ရှောင် သူ့ခေါင်းကို ကပျာကယာငုံ့ချလို့ ဘုံပိုက်ခေါင်းကိုဖွင့်ကာ ရေတွေကို သူ့မျက်နှာပေါ်ပက်ဖြန်းလိုက်တယ်။

ရေအေးက သူ၏ဒုန်းစိုင်းနေသည့်နှလုံးခုန်သံကို တည်ငြိမ်သွားစေတယ်၊ သူ့ကိုယ်သူ မှန်ထဲတစ်ဖန်ပြန်ကြည့်လိုက်တော့ သူ့ပုံစံက ပုံမှန်အတိုင်းပါပဲ။

သူက ပိန်လှီဖျော့တော့လို့နေဆဲ၊ ဒါပေမဲ့ အရိုးပေါ်အရေတင်ဖြစ်မနေတော့သလို အလောင်းကောင်၏ထိုကဲ့သို့သွေးမရှိသလိုဖြူဖွေးနေမှုလည်း သူ့မှာမရှိတော့ပေ။

သူပြန်လာပြီ၊ သူက ပြန်ရောက်လာပြီ!

သူ့မျက်နှာကိုသုတ်ပစ်လိုက်သည့် ချောင်ရှောင်၏လက်‌တွေမှာ တုန်ယင်နေခဲ့လေတယ်။

ည ၁၀:၄၀ ၌၊ ချောင်စုန့်မင်က အိမ်ပြန်ရောက်လာ၏။

သူ့ကိုမြင်တော့ အန်တီဝူက စိတ်ပူစွာ ပြောလိုက်တယ်၊
" ဆရာ၊ ရှောင်ရှောင်ရယ် ညစာ ဘာမှမစားဘူး "

ချောင်စုန့်မင် အေးခဲသွားရတယ်။

အန်တီဝူမှာ တစ်ညနေခင်းလုံး စိုးရိမ်ကြောင့်ကြနေခဲ့ရတယ်၊
" အိမ်ပြန်လာကတည်းက သူသိပ်အဆင်ပြေနေပုံမရဘူး "

ချောင်စုန့်မင်က သူ့ကုတ်အင်္ကျီကိုချွတ်ကာ ပြောလိုက်တယ်၊
" ကျွန်တော် သူ့ကိုသွားတွေ့လိုက်မယ် "

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now