အခန်း(၈၆)

7.2K 1.4K 104
                                    

Unicode

ဒီအခိုက်မှာ သူလုံးဝကိုကန်းသွားပြီလို့ လော့ရှောင်းသံသယဖြစ်မိနေပြီ!

သူဝေ့ကျားယွီထံစာမပြန်ခဲ့ပေ၊ သူ့ဖုန်းမှာဗိုင်းရပ်စ်ရှိနေပြီး သူနဲ့နီးကပ်လွန်းနေရင်ကူးစက်ခံရ‌တော့မယ့်အလား ရိုးရှင်းစွာဖြင့်ခပ်ဝေးဝေးမှာထားလိုက်တယ်။

ဘာပြန်စာမှပြန်မရလို့ ဝေ့ကျားယွီအံ့ဩမသွားပေ၊ သူခဏလောက်တွေးတောလို့ နောက်ဆုံးမှာသူ့အမေနောက်လိုက်ပြီး တောင်အောက်ကိုတိတ်တိတ်လေးဆင်းရန်ပဲ ဆုံးဖြတ်ချက်ချလိုက်တယ်။

သူတို့ကိုသတိပေးချင်တဲ့အရာက သူလုပ်နိုင်‌တဲ့ကိစ္စမဟုတ်ဘူးဆိုတာ အရှင်းကြီးပဲ၊ သူသာ အဲ့ဒီလိုသွားသတိပေးလိုက်ရင် သေချာပေါက်အသတ်ခံရလောက်တယ်၊ ဒီလောက်တော့ ဝေ့ကျားယွီနားလည်ပါသေးတယ်။

ဘုရားကျောင်းဝင်ပေါက်မှာ ချောင်ရှောင်တုံ့ဆိုင်‌းနေတယ် ...

ဟော့ရှန်ကပြောတယ်၊
" ပြန်ကြစို့လား "

ဘုရားကျောင်းမှာ လူတွေအများကြီးဝင်လိုက်ထွက်လိုက်လုပ်နေကြတယ်၊ သူတို့ထဲကရှစ်ဆယ်ရာခိုင်နှုန်းလောက်က အမျိုးသမီးတွေ၊ ကျန်တဲ့သူတွေက အမျိုးသားတွေဖြစ်သော်လည်း သူတို့တစ်ယောက်တည်းလာကြတဲ့သူတွေမဟုတ်၊ သာမန်အားဖြင့် သူတို့က အဲ့ဒီကိုအမျိုးသမီးနဲ့အတူလိုက်လာကြတယ်၊ အဲ့ဒီမှာချောင်ရှောင်နဲ့ဟော့ရှန်ကဲ့သို့ဘယ်သူမှမရှိချေ။

သို့ပေသိ သူတို့ကို ဘယ်သူကမှအရေးမစိုက်ကြ၊ ပထမတစ်ချက်က လူတွေအများကြီးရှိနေပြီး ဒီကိုသူတို့အမေနဲ့အတူလိုက်လာခဲ့တာလားဆိုတာ ဘယ်သူမှမသိကြချေ၊ ဒုတိယတစ်ချက်က ‌သူတို့ဟာ ကျောင်းသားတွေ‌ဆိုတာ သိသာလှပြီး နွေရာသီအားလပ်ရက်အတွင်း တောင်တက်ရန်ရောက်လာကြတဲ့ ကလေးတွေအများကြီးရှိကြတယ်။

ဒါပေမဲ့ ချောင်ရှောင်သာ ဆုတောင်းဖျာပေါ်မှာဆုတောင်းလိုက်တာနဲ့ လူတိုင်းရဲ့အကြည့်တွေကိုဆွဲဆောင်မိမှာ အသေအချာပဲ!

ချောင်ရှောင်သူ့ကိုကြည့်လိုက်တယ်၊
" ငါဒီကိုဘာအတွက်လာခဲ့တာလဲ! "

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now