အခန်း(၄၇)

7.4K 1.5K 164
                                    

Unicode

ရေခဲပြင်စကိတ်ကွင်းဆီ ဝင်ပေါက်က တစ်ခုတည်းရှိကာ လူအများကြီးက ဝင်ရန်တန်းစီနေကြတယ်၊ စကားစမြည်ပြောရင်းအနားယူရန် ရစ်သီရစ်သီလုပ်နေကြသည့် လူတွေလည်းအများကြီးရှိတယ်၊ ဟော့ရှန်က သူ့အသံကိုမလျှော့ခဲ့သည့်အပြင် သူ့အသံက ညှို့ဓာတ်ပါလှတယ်၊ သူက ထိုသို့ပြောလိုက်ချိန်မှာတော့ သူ့အနီးတစ်ဝိုက်မှလူတွေအားလုံးက လှမ်းကြည့်ကုန်လာကြပါရော။

ချောင်ရှောင် : " ... "

သူစကိတ်မစီးချင်တော့ပါဘူးနော်!

ကံမကောင်းစွာပင် သူက ဝင်ပေါက်မှာသောင်တင်နေတယ်၊ သူသာ ကွင်းလမ်းပေါ်မသွားရင် အခြားလူတွေရဲ့လမ်းကိုပိတ်နေသလိုဖြစ်သွားလိမ့်မယ်၊ သို့သော်လည်း ကွင်းလမ်းပေါ်ရောက်ရန်က ချောင်ရှောင်တကယ်ပဲသူ့ဘာသာမလုပ်နိုင်ပေ! ဒါမှမဟုတ် ... ချောင်ရှောင် လက်ရန်းကိုဖျက်ကနဲကြည့်လိုက်တယ်၊ သူအဲ့ဒါကိုသုံးနိုင်တာပဲ...

ဟော့ရှန်က သူတွေးနေသည့်အရာကို ရိပ်မိသွားတယ်၊ သူက သူ့လက်ကိုဆွဲကာ သူ့ကိုရေခဲပြင်စကိတ်ကွင်းပေါ်အမြန်ဆွဲခေါ်သွားပါလေရော။

ချောင်ရှောင်မျက်လုံးတွေ ပြူးကျယ်ကုန်တယ်၊ ဟော့ရှန်က သူ့ခါးကိုထိန်းပေးကာ ပြောလာ၏၊
" မကြောက်နဲ့ "

ချောင်ရှောင် မကြောက်ပေ၊ သို့သော်လည်း ... သူအာရုံစိုက်မခံနိုင်ဘူးလို့!!!!! သူ့နောက်မှလူအားလုံး၏မျက်လုံးတွေက သူ့နောက်ကျောကိုထွင်းဖောက်နေတာကိုပင် သူခံစားလို့ရတယ်!!

သို့သော်ငြားလည်း ဟော့ရှန်က လုံးဝကိုစိတ်အနှောင့်အယှက်ဖြစ်မနေ၊ သူက ပြောလာတယ်၊
" ငါလွှတ်လိုက်တော့မယ်နော်၊ အရှေ့ကိုယိုင်ကြည့်လိုက်၊ မကြောက်နဲ့၊ ငါရှိနေရင် မင်းလဲကျမှာမဟုတ်ဘူး "

ချောင်ရှောင်မှာ ပြောချင်တာတွေအများကြီးရှိနေသော်လည်း ဟော့ရှန်လွှတ်လိုက်ချိန်‌တွင် သူ့မှာအရမ်းကြောက်ရွံ့လာကာ အားလုံးကိုမျိုသိပ်ထားလိုက်ရတယ်၊
" ဟေး ... ဟေး ... ဟော့ရှန် ... "

ရေခဲပြင်ပေါ်တွင် လူတိုင်း၏ပထမအကြိမ်က အတူတူပင်၊ သူတို့ခြေထောက်တွေက သူတို့အပိုင်မဟုတ်တော့သလိုခံစားရသည်သာ၊ နှင်းဖြူရေခဲပြင်က အလွန်စိမ်းသက်လှကာ လှုပ်ရှားမှုသေးသေးလေးကပင် သူတို့လဲကျတော့မယောင် ခံစားရစေတယ်။

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now