အခန်း(၁၀၈)

7K 1.3K 72
                                    

Unicode

‌မမျှော်လင့်ဘဲ သူတို့နှစ်ယောက်လုံးက သူ့ကိုမပြောပြချင်ကြဘူးပဲ!

ချောင်ရှောင်က သူ့ခေါင်းအုံးကို စိတ်ဆိုးစွာ ဖက်ထားရင်း သူ့ဖုန်းမျက်နှာပြင်ကို ပိတ်ပစ်လိုက်တယ်၊ ခဏအကြာမှာ သူ့နှုတ်ခမ်းတွေက အပြုံးတစ်ပွင့်အဖြစ် ကွေးညွတ်သွားတယ်၊ မထင်မှတ်ဘဲ သာ့ချောင်က ဟော့ရှန်နဲ့စကားစမြည်သွားပြောခဲ့တယ်၊ သူ့ဖေဖေက သူ့ကိုလက်ခံလိုက်ပြီနဲ့တူတယ်။

ခဏကြာအောင် ပြုံးနေပြီးတဲ့နောက် သူ ဒေါသထွက်လာပြန်တယ်၊
" အား! သူတို့ဘာတွေပြောနေကြတာတုန်းလို့! "

ချောင်ရှောင် သူ့ဖုန်းကိုကောက်ယူတော့ ဟော့ရှန်ရဲ့အသံမက်ဆေ့ရှ်ကို မြင်နေရတယ်၊ သူ အဲ့ဒါကိုထပ်နှိပ်ပြီး နားထောင်ဖို့ မဝံ့ရဲတော့ဘူး၊ သူက ပြန်ပြောလိုက်တယ်၊
" မင်းငါ့ကိုမပြောပြချင်လည်း ထားပါတော့ "

ဟော့ရှန်ကမေးလာတယ်၊
" မင်းတကယ်သိချင်တာလား "

ချောင်ရှောင်ရဲ့မျက်လုံးတွေ တောက်ပသွားရပြန်ပြီ၊
" ပေါက်ကရတွေမပြောရဘူး "

ဟော့ရှန်က ဗီဒီယိုကောလ်တောင်းဆိုချက်တစ်ခုပို့လာတော့ ချောင်ရှောင်က လက်ခံလိုက်တယ်။

ဟော့ရှန်က ကုလားထိုင်ပေါ်မှာထိုင်နေပြီး သူ့အိပ်ရာနဲ့တထေရာတည်းတူတဲ့အိပ်ရာပေါ်မှာလှဲနေတဲ့ ချောင်ရှောင်ကိုကြည့်နေတယ်၊ သူ့စိတ်ထဲ ငြိမ်သက်အေးချမ်းတဲ့ခံစားမှုတစ်ခု ရှိလို့နေတယ်၊
" ဒါဖြင့်ကိုယ်မင်းကိုပြောပြမယ် "

ချောင်ရှောင်က ဆော်ဩတယ်၊
" မြန်မြန်ပြောပြ! "

ဟော့ရှန်က ဖြည်းဖြည်းချင်း ပြောပြလာတယ်၊
" တကယ်တော့ သူက ကိုယ့်ကိုလာသတိပေးတာ၊ ကိုယ် ၁၈ နှစ်မပြည့်ခင်အထိ မလုပ်သင့်ဘူးတဲ့...... " ရှဲ့မိသားစုနဲ့ဆက်ဆံရေးဖြတ်တောက်တာကို။

သူ့စကားမ‌ဆုံးခင်မှာပဲ ချောင်ရှောင်က အင်မတန်ရှက်သွေးဖြာပြီး 'တီ'ခနဲဖုန်းချသွားတော့တယ်။

ဟော့ရှန်မှာ တခစ်ခစ်အော်ရယ်မိသွားတယ်။

ချောင်ရှောင် ဒေါသထွက်လာရတယ်၊
" ငါအိပ်တော့မယ်! "

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now