အခန်း(၄၈)

6.7K 1.4K 107
                                    

Unicode

" ဟ-ဟမ် "
ဟော့ရှန်က အတူလိုက်ပါလာလို့၊
" ဒါက သခင်လေးချောင်အတွက် အရမ်းခက်ခဲမှာပဲနော် "

ချောင်ရှောင် : " ဟီးဟီး! "

သူ ဒါကိုဆက်ပြီးဝန်ခံနေရဲတာက ဟော့ရှန်က သူ့ကိုမယုံဘူးဆိုတာ သူသိနေသောကြောင့်ပင်။

ဟော့ရှန်က သူ့ကိုထပ်ပြီးမစ,နောက်ဘဲ မနေနိုင်တော့၊
" ကြည့်ရတာ မင်းကို ကျွန်တော့်ရဲ့အညတရအိမ်လေးမှာနေစေမိတဲ့အတွက် ကျွန်တော်တာဝန်ပေါ့လျော့မိသွားပါရောလား "

ချောင်ရှောင် ပြောလိုက်တယ်၊
" သည်နေရာက အရမ်းကောင်းပါတယ်၊ ဒါ့အပြင် သည်လိုကိစ္စတွေက သူငယ်ချင်းတွေကြားမှာအရေးမကြီးပါဘူးလေ "

ဟော့ရှန်မျက်လုံးထဲမှ အပြုံးရိပ်က ပိုနက်ရှိုင်းလို့လာတယ်၊
" ချောင်မိသားစုရဲ့သခင်လေးက သူ့ကိုယ်သူပိန်ပိန်‌သေးသေးလေးဖြစ်အောင် ဘယ်လိုနေခဲ့သလဲ ကျွန်တော်မသိခဲ့ပါလား၊ ရေခြားမြေခြားက စားကောင်းသောက်ဖွယ်တွေကို အကြိုက်မတွေ့လို့များလား "

သူ(ဟော့ရှန်) သူ့ကိုရယ်သွမ်းသွေးနေတယ်ဆိုတာ ချောင်ရှောင်သိသော်လည်း သူအမှန်အတိုင်းပဲဖြေလိုက်ပါတယ်၊
" သူတို့က အရသာမရှိလို့လေ "

ဟော့ရှန်က မေးလာ၏၊
" ကြည့်ရတာ သခင်လေးက အိမ်ထမင်းအိမ်ဟင်းကို ပိုကြိုက်တဲ့ပုံပဲနော် "

" အဲ့ဒါဘာဖြစ်လဲ "
ချောင်ရှောင် ပြောလိုက်တယ်၊
" အိမ်ထမင်းအိမ်ဟင်းက အရမ်းစစ်မှန်တယ်လေ "

" အဲ့ဒါဆိုရင် "
ဟော့ရှန်က ပြောလာတယ်၊
" ဒါဖြင့် မနက်ဖြန်နေ့လည်စာအတွက် အသားကင်စားဖို့ ငါမင်းကိုမခေါ်တော့ဘူးနော်၊ အိမ်မှာနေပြီး ဖက်ထုပ်နဲ့မုန်ညှင်းစိမ်းကိုပဲ စားကြရအောင်ကွာ "

ချောင်ရှောင်မှာ အရှေ့အထက်တန်းကိုရောက်လာကတည်းက အသားစွဲလမ်းသူတစ်ယောက် ဖြစ်လာခဲ့တာ၊ သူအသားကင်မစားနိုင်တော့ဟု ကြားချိန်မှာတော့ ယွမ်သန်းတစ်ရာလက်လွှတ်ဆုံးရှုံးလိုက်ရသလိုခံစားလိုက်ရတယ်၊ အာ...မဟုတ်သေးဘူး၊ ယွမ်သန်းတစ်ရာလက်လွှတ်ဆုံးရှုံးလိုက်ရရင်တောင်မှ ဒီလောက်စိတ်ပျက်စရာကောင်းမှာမဟုတ်။

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now