အခန်း(၁၁)

9.3K 1.7K 185
                                    

Unicode

နောက်တော့ သူ့မှာ အမှိုက်ပုံးထဲသို့သူပစ်ထားတဲ့ထိုအမျိုးသမီးဝတ်တီရှပ်ကို ပြန်‌သွားကောက်ခဲ့ရတယ်။

တခြားအကြောင်းပြချက်တော့မရှိပါဘူး၊ အန်တီဝူက အမှိုက်သိမ်းတဲ့အခါ ထိုဟာပေါ်က 'အမျိုးသမီးဝတ်' ဆိုတာကြီးကိုမြင်ပြီး နားလည်မှုလွဲသွားမှာကို သူကကြောက်တာ။

သူ ကိုယ့်ဘာသာကိုယ်စာသင်ယူနိုင်တာပဲ အတော်ခက်ခဲနေပြီ၊ ရိုးရိုးလေးပဲ သူက သူ့မိသားစုကိုအများကြီး တွေးမနေစေချင်ဘူး။

အဲ့ဒါနဲ့ပဲ ထားစရာနေရာမရှိဖြစ်နေတဲ့အဖြူရောင်တီရှပ်လေးဟာ ကျောင်းကိုယူလာခြင်းခံရတော့တယ်။

ပြောရမယ်ဆိုရင် တံဆိပ်ကြောင့်သာမဟုတ်ပါက ထိုအင်္ကျီဟာ အမျိုးသမီးတွေအတွက်ဆိုတာ ဘယ်သူမှမသိနိုင်ဘူး၊ ဒါပေမယ့် လည်အဟိုက်ပေါ်မှာ တံဆိပ်ကိုပုံနှိပ်ထားတာဖြစ်လို့ ဖြဲပစ်လို့လည်းမရဘူး။

ရှားရှားပါးပါး ဟော့ရှန်တောင်မှ ပြန်မချေပနိုင်တဲ့အချိန်ရောက်လာတော့တယ်။

" အမ်... "
ဟော့ရှန်က ခဏရပ်သွားတယ်၊
" အဲ့ဒီဇိုင်းက အမျိုးသားဝတ် အမျိုးသမီးဝတ်ဆိုပြီး မခွဲထားဘူးမလား "

ချောင်ရှောင်ဟာ အိပ်ရာအောက်မှကျောပိုးအိတ်ကြီးကိုဆွဲထုတ်ပြီး အထဲမှ အဖြူရောင်တီရှပ်ကို သူ့လက်ထဲ ပစ်ထည့်လိုက်တယ်။

'ဖြူစင်သောအချစ် အမျိုးသမီးဝတ်' ဆိုတဲ့ပြောင်လက်လက်စကားလုံးတွေက ဟော့ရှန်ရဲ့မျက်လုံးကိုဖမ်းစားသွားတယ်။

သူမနေနိုင်တော့ဘဲ တခစ်ခစ်ရယ်လိုက်တယ်။

မင်းက ရယ်ရဲသေ‌းတယ်ပေါ့လေ!

ချောင်ရှောင်ဟာ ဒေါသတကြီးပြန်လည်ချေပတော့တယ်၊
" အဲ့မှာ အမျိုးသမီးဝတ်ကြီး၊ ကြည့်ပါ့လား ခါးက ဒီလောက်ကျဉ်းတာကို "

ဟော့ရှန်က အဲ့ဒါကိုဖြန့်လိုက်ပြီး အဝေးကနေ ချောင်ရှောင်နဲ့တိုင်းကြည့်တယ်၊
" မင်းနဲ့ကွက်တိပဲလေ "

ချောင်ရှောင်က ထပ်ပြောတယ်၊
" ဒါပေမယ့် အမျိုးသမီးဝတ်ကြီးဟ! "

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now